DVB Logo
Home
မြန်မာသတင်း
တရုတ်ကအဝယ်လိုက်သဖြင့် ရာသီပေါ် မြေပဲကြား စျေးကောင်း
DVB
·
August 22, 2023
တရုတ်ကအဝယ်လိုက်သဖြင့် ရာသီပေါ် မြေပဲကြား စျေးကောင်း
Donate to DVB

တရုတ်ကအဝယ်လိုက်တာကြောင့် မြေပဲကြား စျေးကောင်းပြီး အရောင်းအဝယ် သွက်နေတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းရောင်းဝယ်ရေးဒိုင်တွေကနေ သိရပါတယ်။

အောင်ပန်းကုန်စည်ဒိုင် သြဂုတ် ၂၂ ရက် လက်ကားစျေးနှုန်းအရ မြေပဲကြား အခွံပါ အစို ၁ ပိဿာ ကျပ် ၂,၄၀၀ မှ ၂,၆၀၀ အထိရှိပြီး လက်လီစျေးမှာ ၁ ပိဿာကို ကျပ် ၄,၀၀၀ မှ ၄,၅၀၀ အထိ ရှိနေပါတယ်။

အောင်ပန်းကုန်စိမ်းဒိုင်မှ ကုန်ရောင်းဝယ်သူတဦးက “ရိုးရိုးမြေပဲလို အဖြူအနီမဟုတ်ဘဲ မြေပဲ​ပေါ်မှာ အကြားလေးတွေပါတဲ့ဟာက မြေပဲကြားပေါ့။ မြေပဲကြားကို တရုတ်ပြည်ကို အများဆုံး တင်သွင်းတယ်။ မြေပဲကြားဟာ ကျန်းမာရေးအတွက် သင့်တော်တဲ့ပစ္စည်းဖြစ်လို့ အထူးသဖြင့် မိန်းကလေးတွေအတွက် ဓာတ်စာလိုမျိုး အဖိုးတန်တဲ့ အာဟာရတမျိုးပါတယ်။ ရိုးရိုးမြေပဲလို ဆီပဲကြိတ်လို့ရတာမဟုတ်ဘဲ ဆေးဘက်ဝင်လို့ တရုတ်နိုင်ငံက အများကြီး ဝယ်တာပါ။ အဲ့လိုအဝယ်လိုက်တော့ စျေးကောင်းရတာပေါ့” လို့ ပြောပါတယ်။

မြန်မာပြည်ထွက် မြေပဲကြားတွေကို ရေဆေးပြီး အခြောက်ပြုလုပ်ကာ တရုတ်နိုင်ငံ တင်ပို့ပါက မူလပေါက်စျေးထက် ၂ ဆခန့် ရရှိတယ်လို့ သူကဆက်ပြောပါတယ်။

မြေပဲကြားကို ပြည်ပတင်ပို့တဲ့အပြင် ပြည်တွင်းမှာလည်း စားသုံးမှုများလာတယ်လို့ ရန်ကုန်မြို့ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“မြေပဲကြားအစိုက အရမ်းအဝယ်လိုက်လာတယ်။ အရင်က ပြည် ၂၀ ပါတဲ့ တအိတ်ကို ၂ ရက်လောက် ရောင်းရပေမဲ့ အခုနောက်ပိုင်းမှာ ၁ နေ့ကို ပြည် ၂၀ ဝင် ၃ အိတ်လောက်ထိ ရောင်းကုန်နေတယ်။ မြေပဲကြားအစိုက ပြုတ်စားရင် အရမ်းကောင်းတာဆိုတော့ နောက်ပိုင်း အဝယ်များလာတယ်။”

အခု သြဂုတ်လမကုန်ခင်မှာ အောင်ပန်းပွဲရုံတွေက တရုတ်ပြည်ကို မြေပဲကြားတန်ချိန် ၄ သိန်းခန့် တင်ပို့မယ်လို့ အောင်ပန်းကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံတွေထံက သိရပါတယ်။

​မြေပဲကြားကို မေနဲ့ ဇွန်မှာ မိုးဦးကာလ၊ သြဂုတ်လမှာ မိုးလယ်ကာလနဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ မိုးနှောင်းကာလအဖြစ် သုံးကြိမ် စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013