DVB Logo
Home
မြန်မာသတင်း
မြန်မာသံရုံးရှေ့ ဆန္ဒပြသည့် ထိုင်းကျောင်းသား ၇ ဦး ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံရ
DVB
·
August 22, 2023
မြန်မာသံရုံးရှေ့ ဆန္ဒပြသည့် ထိုင်းကျောင်းသား ၇ ဦး ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံရ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုပေါ် မြန်မာသံရုံးရှေ့ သွားရောက် ဆန္ဒပြ ကန့်ကွက်ရှုတ်ချခဲ့ကြတဲ့ ထိုင်းကျောင်းသား လူငယ် ၇ ယောက်ကို ထိုင်းတရားရုံးက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်  ထိုင်းရောက် မြန်မာနိုင်ငံသားတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ ထိုင်းနိုင်ငံသားတွေဟာ ဘန်ကောက် မြန်မာသံရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတာပါ။

အဲဒီထဲမှာ ထိုင်းတက္ကသိုလ်ကျောင်းသား အပါအဝင် ထိုင်းလူငယ် ၇ ဦးဟာ ထိုင်းနိုင်ငံက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကာလ အရေးပေါ်ဥပဒေ ချိုးဖောက်မှု၊ တာဝန်ရှိသူတွေကို အာဏာဖီဆန်မှုတွေနဲ့ ဖမ်းဆီး အရေးယူခံခဲ့ရပါတယ်။

သူတို့ဟာ ထိုင်းလွှတ်တော်အမတ်နဲ့ တက္ကသိုလ်က ဆရာတွေရဲ့ အာမခံနဲ့ ပြန်လွတ်လာပြီး ပြင်ပကနေ အမှုရင်ဆိုင်နေရာမှာ ဩဂုတ် ၂၁ ရက် မနေ့ကတော့ တရားရုံးကနေ အမှုကို အပြီးသတ် စီရင်ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီထဲက  ထမဆတ်တက္ကသိုလ်ကျောင်းသား ပနဖတ်ကျန်ထနန်ကွန်းဟာ ထောင်ဒဏ် ၁၂ လ အပြစ်ပေးခံထားရတဲ့အထဲ ၃ ပုံ ၁ ပုံလျှော့ပြီး ၄ လနဲ့ ၂၀ ရက် ထောင်ဒဏ်ချမှတ်ခံရပါတယ်။

ကစ်သီဆဒ်ဖန်းရေးနူးက ထောင်ဒဏ် ၃ နှစ် ၁ လ အပြစ်ပေးခံထားရပြီး ၁ နှစ် ၆ လ ၁၅ ရက် လျှော့ပေါ့ကာ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ နဲ့အတူ ချမှတ်ခံရပါတယ်။

ကျန်တဲ့ ဟတ်ဒင်း၊ ဖတ်ချရဝပ်၊ ဘိုင်ဘွန်း၊ နာ့သ်ဖုန်းနဲ့ ချန်းချိုင်းတို့ ၅ ဦးမှာ ထောင်ဒဏ် ၄ နှစ် ငွေဒဏ် ဘတ် ၆၀,၀၀၀ စီ ကျခံထားရာက ထောင်ဒဏ် ၂ နှစ် ၁၅ ရက် လျှော့ပေါ့ပြီး ဒဏ်ငွေ ဘတ် ၃၀,၀၀၀ စီပေးဆောင်ဖို့ ချမှတ်လိုက်ပါတယ်။ အဆိုပါ ၇ ဦးထဲမှာ ပနဖတ် ကျန်ထနန်ကွန်းကလွဲလို့ ကျန်သူတွေ ဆိုင်းငံ့ပြစ်ဒဏ် ကျခံရပါတယ်။

မနေ့ညနေ ၄ နာရီလောက်မှာတော့ ပနဖတ်ကျန်ထနကွန်းဟာ ဘတ်ငွေ ၁၅၀,၀၀၀ အာမခံနဲ့  ပြန်လွတ်လာပြီလို့ ဆန္ဒပြသူများအဖွဲ့ United Front of Thammasat and Demonstration လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

Ref - Top News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013