DVB Logo
Home
မြန်မာသတင်း
ကနီတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်စိတ်မှူး ၁ ဦး ဖမ်းမိ
DVB
·
August 22, 2023
ကနီတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်စိတ်မှူး ၁ ဦး ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ စစ်ကောင်စီရှေ့ပြေးစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး တပ်တွေရဲ့ ကင်းပုန်းတပ်စုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အသက် ၃၀ ခန့်ရှိ တပ်စိတ်မှူးတယောက်ကို  အရှင်ဖမ်းမိခဲ့ကာ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၀ ရက်က ကနီမြို့နယ် နွားခြံကုန်းကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထဲက အင်အား ၂၅ ဦးပါဝင်တဲ့ ရှေ့ပြေးစစ်ကြောင်း နွားခြံကုန်းတောပြင်ကို ထွက်ခွာလာချိန်မှာ Union Liberation Front (တပ်ပေါင်းစု) ​ရဲ့ ကင်းပုန်းတပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာကနေ ဖမ်းမိခဲ့တာလို့ ULF တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ဒီဗွီဘီကို ပြောပါတယ်။

“အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဆိုတာရယ်၊ တပ်စိတ်မှူးတာဝန် ယူထားတဲ့ အသက် ၃၀ အရွယ် ထွန်းထွန်းဝင်း ဆိုတာပဲ သိရပါသေးတယ်ဗျ၊ အဆင့်ကိုတော့ မသိရဘူး။ ဖမ်းဆီးရမိတုန်းက အရပ်ဝတ်နဲ့ဖြစ်တာရယ်၊ တိုက်ပွဲတွင်း ဒဏ်ရာကြီးနဲ့မိတာဆိုတော့ ဘာမှ မမေးရသေးတာရယ်ကြောင့်ပါ။ လတ်တလောမှာ သူ့ကို ဆေးကုပေးထားပြီး ပြန်ကောင်းမွန်လာရင်တော့ MOD ရဲ့ ညွှန်ကြားမှုနဲ့ ဆက်လုပ်သွားမှာပါ။”

တိုက်ပွဲ ၂၅ မိနစ်ခန့် ဖြစ်ပွားအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၁ ဦး အရှင်ဖမ်းမိခဲ့ကာ ၄၀မမ ဗုံးသီး ၂ လုံး၊ ၅.၅၆ ကျည် ၂၅၀ တောင့်၊ ၅.၅၆ ကျည်အမျိုးအစား ၃၀ တောင့်ဆန့် ကျည်အိမ် ၂ ခုတို့ကို သိမ်းဆည်းမိခဲ့တာပါ။

တိုက်ပွဲတွေကို ULF (တပ်ပေါင်းစု) မှ Comrade စစ်ကြောင်း၊ KLG စစ်ကြောင်းနဲ့ Alpha စစ်ကြောင်းတို့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူတွေ သွေးမအေးကြဖို့နဲ့ တော်လှန်ရေးမှာ ဆက်လက်ပါဝင် အားဖြည့်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013