ထိုင်ဝမ်အစိုးရရဲ့ ၂၀၂၄ ခုနှစ် စစ်အသုံးစရိတ်က ကျွန်း GDP ရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာအောင် တနှစ်ထက်တနှစ် ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ ထိုင်ဝမ်သမ္မတက သြဂုတ် ၂၁ ရက်မှာ ပြောပါတယ်။
တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာချိန်မှာ ကာကွယ်ရေးတိုးမြှင့်ဖို့ ဆက်လက် အားထုတ်သွားမယ်လို့လည်း ကတိပြုလိုက်ပါတယ်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် အဆိုပြုပြီး လွှတ်တော်က အတည်ပြုဖို့ လိုအပ်တဲ့ အလုံးစုံကာကွယ်ရေး ဘတ်ဂျက်ဟာ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံနဲ့ ညီမျှတဲ့ ထိုင်ဝမ်ဒေါ်လာ ၆၀၆ ဒသမ ၈ ဘီလီယံရှိပြီး အခုနှစ်အတွက် ထိုင်ဝမ်ဒေါ်လာ ၅၈၆ ဒသမ ၃ ဘီလီယံနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။
ထိုင်ဝမ်ကျွန်းရဲ့ စစ်ရေးအသုံးစရိတ်အတွက် ဘတ်ဂျက်သုံးစွဲမှု တိုးတက်နှုန်းက ၂၀၁၇ ခုနှစ်က တနှစ်ထက်တနှစ် တိုးလာပြီး ၂၀၂၃ ခုနှစ်အထိ ၇ နှစ်ဆက်တိုက် တိုးလာတာပါ။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်တဲ့ တရုတ်နိုင်ငံက သူတို့ကြေညာချက် ခိုင်မာသထက် ခိုင်မာလာအောင် လွန်ခဲ့တဲ့ သုံးနှစ်အတွင်း စစ်ရေးနဲ့ နိုင်ငံရေးအရ ဖိအားတွေ တိုးမြှင့်လာခဲ့ပါတယ်။
Source - Reuters











