DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် စက်သုံးဆီ ပြတ်လပ်နေ 
DVB
·
August 22, 2023
ကလေးမြို့တွင် စက်သုံးဆီ ပြတ်လပ်နေ 
Donate to DVB

လမ်းပိတ်နေတာ သီတင်း ၂ ပတ်ကျော်ကြာပြီဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး စက်သုံးဆီဆိုင်တွေ ပိတ်ထားရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဩဂုတ် ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာတော့ ကလေးမြို့တွင်းက ရွှေလမင်း စက်သုံးဆီဆိုင် တဆိုင်တည်းကသာ အောက်တိန်း ၉၂ တဂါလံကို ၁၆,၀၀၀၊ ၉၅ တဂါလံကို ၁၉,၅၀၀‌ ဈေးနဲ့ ဓာတ်ဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချပေးနိုင်တော့တာပါ။

ကလေးမြို့ခံတဦးက “ဓာတ်ဆီဆိုင်တွေအားလုံး ပိတ်သွားပြီ။ ဒီဇယ်ဆီလည်း မရ‌တော့ဘူး။ ရွှေလမင်းဆီဆိုင်တောင် ညနေလောက်ဆို ပြတ်မယ်ကြားတယ်။ အခု‌တော့ တန်းစီပြီး တယောက်ကို ၁၀,၀၀၀ ဖိုး ရောင်းပေးသေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကလေးမြို့က စက်သုံးဆီဆိုင်ကြီးတွေဖြစ်တဲ့ အိုဆို၊ မြမေတ္တာမွန်၊ ရဲတံခွန်၊ တော်ဝင်၊ PPK စတဲ့ စက်သုံးဆီဆိုင်တွေကတော့ ရောင်းချစရာ ဆီမ‌ရှိတော့တာကြောင့် ဆိုင်ပိတ်ထားလိုက်ရပြီလို့ ဆိုပါတယ်။

ဩဂုတ် ၅ ရက်လောက်က စတင်ပြီး ကလေးဝ-မဟာမြိုင် လမ်းဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လမ်းကြောပိတ်ပြီး အောက်ပိုင်းဘက်ကနေ ကလေးဘက် ဆင်းလာတဲ့ ကုန်တင်ကား‌တွေနဲ့ ခရီးသည်တွေလည်း ပိတ်မိနေတယ်လို့ သိရပါတယ်။

ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်‌‌ဂေါလမ်း၊ ကလေးဝ-မဟာမြိုင်လမ်း၊ ကလေးဝ-မင်းကင်းလမ်း၊ ကလေး-ဟားခါးလမ်း စတဲ့ အဓိကလမ်းမကြီး ၄ ခုရှိပြီး လက်ရှိမှာတော့ မဟာမြိုင်လမ်းကို အဓိကအသုံးပြု‌နေရပြီး ကလေး-ဂန့်ဂေါလမ်းကတော့ လမ်းကြောပိတ်နေတာ ၂ နှစ်ကျော်နေပြီလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013