DVB Logo
Home
အားကစား
မြန်မာယူ-၂၃ အသင်း ဘရူနိုင်းကို ဂိုးပြတ်နိုင်သော်လည်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ
DVB
·
August 22, 2023
မြန်မာယူ-၂၃ အသင်း ဘရူနိုင်းကို ဂိုးပြတ်နိုင်သော်လည်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ
Donate to DVB

အာဆီယံ ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဥ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သြဂုတ် ၂၁ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၃ အသင်းက ဘရူနိုင်းယူ-၂၃ အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းအတွက်ဂိုးတွေကို နောင်နောင်စိုး၊ စွမ်းထက်၊ မိုးဆွေ၊ ချစ်အေးတို့က သွင်းယူခဲ့ပြီး ဘရူနိုင်းအသင်းအတွက် ချေပဂိုးကိုတော့ ဟာဆင်မ်က သွင်းယူခဲ့ပါတယ်။

ဘရူနိုင်းအသင်းဟာ ပွဲစဥ် ၂ ပွဲ ကစားပြီးချိန်မှာ ဂိုးပေါက်ကန်သွန်းမှု တကြိမ်မှ မရှိခဲ့သလို သွင်းဂိုးလည်း မရရှိခဲ့ပေမဲ့ မြန်မာအသင်းနဲ့ပွဲစဥ်မှာ ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်နဲ့ သွင်းဂိုး ၁ ဂိုး ရရှိခဲ့ပါတယ်။

အုပ်စုအတွင်း တခြားပွဲစဥ်ဖြစ်တဲ့ ထိုင်းယူ-၂၃ အသင်းနဲ့ ကမ္ဘောဒီးယား ယူ-၂၃ အသင်းတို့ ပွဲစဥ်မှာ ထိုင်းယူ-၂၃ အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အုပ်စု က မှာ ထိုင်းအသင်းက ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမ၊ ကမ္ဘောဒီးယားအသင်းက ရမှတ် ၄ မှတ် ဂိုးကွာခြားချက်အသာနဲ့ အုပ်စုဒုတိယ၊ မြန်မာအသင်းက ရမှတ် ၄ မှတ်နဲ့ အုပ်စုတတိယ၊ ဘရူနိုင်းအသင်းက ရမှတ်မရှိနဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။

မြန်မာအသင်းပါဝင်တဲ့ အုပ်စု က မှာ ထိုင်းတသင်းသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ကျန်သုံးသင်းက အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ယှဥ်ပြိုင်ကစားမယ့် အာရှဖလား ခြေစစ်ပွဲစဥ်မှာ တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ်စတန်တို့ အုပ်စု ခ မှာ ကျရောက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013