DVB Logo
Home
မြန်မာသတင်း
ဆက်ကြေးကောက်ခံသည့် စစ်ကောင်စီဂိတ်စခန်းကို ရေစကြို PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်
DVB
·
August 21, 2023
ဆက်ကြေးကောက်ခံသည့် စစ်ကောင်စီဂိတ်စခန်းကို ရေစကြို PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်
Donate to DVB

ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် ဆက်ကြေးကောက်တဲ့ ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်း တခုကို ဩဂုတ်လ ၁၈ ရက်က ရေစကြိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ယောက် ကျဆုံးခဲ့တယ်လို့  ရွှေညာမြေပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံက သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအဝင်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို မတရားဖမ်းဆီး နှိပ်စက်တာတွေနဲ့ ငွေကြေးကောက်ခံတာတွေလုပ်နေတဲ့ စစ်ကောက်စီဂိတ်စခန်းကို လက်နက်ငယ်တွေနဲ့ အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေညာမြေပြည်သူကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ယောက်က "ကျနော်တို့ မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအဝင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို ည ၉ နာရီ ၄၅ မိနစ်လောက်မှာ အနီးကပ် သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီအတွင်းသတင်းအရကတော့ သူတို့ဘက်က ၃ ယောက်ကျတယ်လို သိရပါတယ်။ အဲ့ဒီ ဂိတ်စခန်းက လမ်းကူးတဲ့ ပြည်သူတွေကို ဆက်ကြေးတွေ ကောက်ခံတာတွေရှိသလို၊ အပြစ်မဲ့တဲ့ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက် တာမျိုးတွေလည်းရှိတယ်ဗျ။ စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမဲ့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။

အဆိုပါ ဒီတိုက်ခိုက်မှုကို Shwe Nyar Myae PDF၊ Yesagyo Revolution Group (YRG)၊ Southen YSO PDF၊ ဒေါင်းညီနောင် PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဆက်လက်ဖော်ဆောင်မယ့် စစ်ဆင်ရေးတွေအတွက်လိုအပ်တဲ့ လက်နက်ခဲယမ်း၊ ကျည်ကာနဲ့ ထုတ်လုပ်ရေးပစ္စည်းတွေ ဝယ်ယူဖို့ လိုအပ်နေတယ်လို့  ရွှေညာမြေပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

"ကျနော်တို့ ရွှေညာမြေရဲ့ ‘အညာကိုလှူအောင်ပွဲယူစို့’ဆိုတဲ့ ကျပ်သိန်း ၅၀၀ ကမ်ပိန်းလေးဟာ အခုဆိုရင်စတင်ခဲ့တာ နှစ်လပြည့်တော့မှာပဲ ဖြစ်ပါတယ်။ ကမ်ပိန်းပိတ်ရက် နီးကပ်လာခဲ့ပေမဲ့ မဲလက်မှတ် ရောင်းချရမှုက ၃၄ ရာခိုင်နှုန်းသာ ရှိနေသေးပြီး အရမ်းကို အားနည်းနေပါသေးတယ်။ အညာဟာ အခုဆိုရင် တော်လှန်ရေးအရှိန်အဟုန် အရမ်းကိုအားကောင်းနေတဲ့ ဒေသပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အညာမှာ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနိုင်ဖို့ ကျနော်တို့ရဲ့ ကမ်ပိန်းလေးမှာ မဲလက်မှတ်လေးတွေ လာရောက် အားပေးကြဖို့ အထူးပဲ တိုက်တွန်းလိုပါတယ်။”

ကမ်ပိန်းလက်မှတ် တစောင်ကို ကျပ် ၁၀၀၀၀  နှုန်းနဲ့ ရောင်းချနေပြီး  NUGPay ၊ KPay ၊ WavePay တို့နဲ့ စက်တင်ဘာ ၁၀ ရက်နေ့အထိ  ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၄ ယောက်အပါအဝင် ရေစကြိုပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ရဲဘော် စုစုပေါင်း ၇ ယောက် သတ်ဖြတ်ခံခဲ့ရပြီး ကား ၃ စီးနဲ့ လက်နက်ခဲယမ်းတွေလည်း မီးရှို့ဖျက်ဆီးခံရလို့  ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013