DVB Logo
Home
နိုင်ငံတကာ
ပဋိပက္ခဖြစ်ပွားနေသည့် ပါကစ္စတန်တွင် ခရစ်ယာန်ဘာသာဝင်များ ဆုတောင်းပွဲလုပ်
DVB
·
August 21, 2023
ပဋိပက္ခဖြစ်ပွားနေသည့် ပါကစ္စတန်တွင် ခရစ်ယာန်ဘာသာဝင်များ ဆုတောင်းပွဲလုပ်
Donate to DVB

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ မွတ်စလင်လူအုပ်က ဘုရားကျောင်းအများအပြားနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးနောက် ရက်ပိုင်းအကြာ သြဂုတ် ၂၀ ရက်မှာ ခရစ်ယာန်ဘာသာဝင်တွေဟာ ဆုတောင်းပွဲတွေ ဆက်လုပ်ခဲ့ပါတယ်။

ဖှိုင်ဆာ လာဘဒ်စက်မှုခရိုင်ထဲမှာရှိတဲ့ ဂျာရန်ဝါလာမြို့မှာ ဖျက်ဆီးခံခဲ့ရတဲ့ ခရစ်ယာန် ဘုရားကျောင်း အပြင်ဘက်က ယာယီနေရာမှာ ဝတ်ပြုသူတွေ စုရုံးနေလို့ ရဲတပ်ဖွဲ့က လုံခြုံရေးကို တိုးမြှင့်ထားပြီး စောင့်ကြပ်နေခဲ့ပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ ဘုရားကျောင်းဆီ မွတ်စလင်ဘာသာရေး ကိုယ်စားလှယ်တဖွဲ့ လာခဲ့ပြီး ဗလီတွေကို ခရစ်ယာန်တွေ ဝတ်ပြုကိုးကွယ်ရာနေရာအဖြစ် သုံးဖို့ ကမ်းလှမ်းခဲ့တယ်လို့ မြို့ခံတဦးက ပြောခဲ့ပါတယ်။

ဩဂုတ် ၁၆ ရက်က ဖှိုင်ဆာလာဘဒ် စက်မှုခရိုင်ထဲမှာရှိတဲ့ ဂျာရန်ဝါလာမြို့မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှာ ရှိနေတဲ့ ရဲတွေက ဝင်မတားခဲ့ဘဲ ၁၀ နာရီကျော် ကြာအောင် တိုက်ခိုက်မှုတွေ ဆက်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ရပ်ရွာခေါင်းဆောင်တွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က စွပ်စွဲချက်ကို ငြင်းဆိုရင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိုဆိုးမယ့်အခြေအနေကို တားဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါမြို့မှာ ခရစ်ယာန်ညီအစ်ကိုနှစ်ယောက်က ကိုရမ်ကျမ်းကို  ပုတ်ခတ်စော်ကားခဲ့တယ်ဆိုပြီး မွတ်စလင်လူအုပ်စုက ဘုရားကျောင်းတွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ ခရစ်ယာန်ညီအစ်ကိုနှစ်ဦးကိုတော့ တိုက်ခိုက်မှုအပြီး နှစ်ရက်အကြာ သြဂုတ် ၁၈ ရက်မှာ ပါကစ္စတန်ရဲတပ်ဖွဲ့က  ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ သတင်းရင်းမြစ်တရပ်က ပြောပါတယ်။

ပါကစ္စတန်မှာ ကိုရမ်ကျမ်းကို ပုတ်ခတ်စော်ကားမှုဟာ သေဒဏ် အပြစ်ပေးခံရနိုင်ပေမဲ့ ဘယ်သူမှတော့ သေဒဏ်စီရင်တာ မခံခဲ့ရဖူးပါဘူး။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013