DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုရှိ ရေဘေးဒုက္ခသည်စခန်း မီးလောင်၊ ကလေး ၇ ဦးသေဆုံး
DVB
·
August 21, 2023
ကွန်ဂိုရှိ ရေဘေးဒုက္ခသည်စခန်း မီးလောင်၊ ကလေး ၇ ဦးသေဆုံး
Donate to DVB

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းက ရေဘေးသင့်ပြည်သူတွေရဲ့ ခိုလှုံရာစခန်းမှာ မီးလောင်ကျွမ်းမှု တခု ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၁၉ ရက်အတွင်း အနည်းဆုံး ကလေးငယ် ၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူ သောမတ်စ် ဘာကန်ဂါက အတည်ပြုပါတယ်။ 

ပြီးခဲ့တဲ့ မေလကစလို့ ကာလီဟီမြို့ငယ်လေးရဲ့  ဒုက္ခသည်စခန်းမှာ ရာပေါင်းများစွာသော မိသားစု တွေက ယာယီတဲတွေနဲ့အတူ နေထိုင်နေရတာ ဖြစ်ပါတယ်။ 

ဒါဟာ တောင် ကီဗူပြည်နယ်ရဲ့  ဘူရှူရှူ နဲ့ ညာမွတ်ခ် အူဘီ ဆိုတဲ့ ကျေးရွာတွေမှာ ဒီမိသားစုတွေရဲ့ နေအိမ်တွေက ရေလွှမ်းမိုးမှုအတွင်း ပျက်စီးသွားခဲ့တာကြောင့် ဖြစ်ပါတယ်။ 

ဒီမီးလောင်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေဟာ အသက် ၁ နှစ်ကနေ ၅ နှစ်ကြား အရွယ် တွေ ဖြစ်ကြသလို အရွယ်ရောက်ပြီးသူ ၄ ဦးကလည်း ဆေးရုံ မှာ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ ကာဟီလီနယ်မြေဆိုင်ရာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဘာကန်ဂါ က မှတ်ချက်ပေးပါတယ်။ 

ကွန်ဂိုနိုင်ငံရဲ့ ရေကြီးရေလျှံမှုအတွင်း လူပေါင်း ၄၆၀ ထက်မနည်း ဆုံးရှုံးခဲ့ရတဲ့အပေါ်  ဝမ်းနည်း ပူဆွေးနေစဉ်မှာပဲ အခုလို အဖြစ်ဆိုးနဲ့ ထပ်ပြီးကြုံတွေ့ခဲ့ရတာပါ။ 

ယေဘုယျအားဖြင့် လူပေါင်း ၉၀၀၀ နီးပါးအထိ သဘာဝဘေးဒဏ်သင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီရေလွှမ်းမိုးမှုကြောင့် အဆောက်အအုံတွေ ရွှံ့ထဲနစ်မြုပ်ခဲ့တဲ့အပြင် လမ်းတွေပါ ပြတ်တောက်မှု ရှိကြောင်း သိရပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013