DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို မြန်မာအပါအဝင် ၄ နိုင်ငံပူးပေါင်းစစ်ဆင်ရေးလုပ်မည်
DVB
·
August 21, 2023
နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို မြန်မာအပါအဝင် ၄ နိုင်ငံပူးပေါင်းစစ်ဆင်ရေးလုပ်မည်
Donate to DVB

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေဖြစ်တဲ့ အွန်လိုင်းလိမ်လည်မှုတွေနဲ့ လောင်းကစားနဲ့ ဆက်စပ်တဲ့ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ မြန်မာ၊ တရုတ်၊ထိုင်းနဲ့ လာအိုနိုင်ငံတို့ ပူးပေါင်းပြီး အထူးစစ်ဆင်ရေး တရပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သြဂုတ် ၁၉ ရက်နေ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ် ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို စစ်ဆင်ရေးတရပ်အဖြစ် နှိမ်နင်းဖို့ အစီအစဥ်ကို ထုတ်ဖော်ပြသခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

အဆိုပါအစည်းအဝေးပွဲကို စစ်ကောင်စီရဲ့  မြန်မာရဲတပ်ဖွဲ့၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့၊ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနနဲ့  လာအိုပြည်သူ့လုံခြုံရေးဌာနတို့က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

စစ်ဆင်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှာ တည်ထောင် သွားမှာဖြစ်ပါတယ်။

စစ်ဆင်ရေးရဲ့အဓိက ရည်ရွယ်ချက်မှာ ဒေသအတွင်းပျံ့နှံ့နေတဲ့ အွန်လိုင်းလောင်းကစားနဲ့ ဆက်သွယ်​ရေး လိမ်လည်လှည့်ဖြားမှုမှအစပြုတဲ့ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနဲ့ တရားမဝင် ထိန်းသိမ်းမှုလို ရာဇဝတ်မှုတွေကို  အရှိန်အဟုန်မြှင့်ပြီး တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ အစည်းအဝေးပွဲမှာ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့အပြင် အင်တာပိုလ်နဲ့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်မယ့် အလားအလာတွေကိုလည်း စူးစမ်းလေ့လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013