DVB Logo
Home
မြန်မာသတင်း
ထောင်ပြောင်းသည့်ကား မိုင်းခွဲမှုဖြစ်စဉ်ကို NUG က စုံစမ်းစစ်ဆေးမည်
DVB
·
August 20, 2023
ထောင်ပြောင်းသည့်ကား မိုင်းခွဲမှုဖြစ်စဉ်ကို NUG က စုံစမ်းစစ်ဆေးမည်
Donate to DVB

ထောင်ပြောင်းရင်း မိုင်းပေါက်ကွဲလို့ စစ်ကောင်စီက မတရားဖမ်းဆီးထားသူတွေ သေဆုံး ဒဏ်ရာရခဲ့ရတဲ့အပေါ် ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ဖမ်းဆီးထောင်ချထားသူတွေကို သူတို့ရဲ့အစီအစဉ်နဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အကျဉ်းထောင်ကနေ မန္တလေးမြို့၊ အကျဉ်းထောင်ကို ရွှေ့ပြောင်းခံနေတုန်း လမ်းပိုင်းတနေရာမှာ မိုင်းပေါက်ကွဲတာကြောင့် ဆရာဝန်တယောက်သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးခဲ့သူ အသက် ၃၄ နှစ်အရွယ် ဒေါက်တာဇော်ထွယ်အောင်ဟာ ချင်းတွင်း ကျန်းမာရေးကွန်ယက်ရဲ့ အဓိက အဖွဲ့ဝင်တယောက်ဖြစ်ပြီး  အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာလည်း တက်တက်ကြွကြွ ဦးဆောင် ပါဝင်ခဲ့သူဖြစ်ပါတယ်။

 သူဟာ စစ်ကိုင်းတိုင်းထဲက စစ်ဘေးသင့်ပြည်သူတွေကို နယ်လှည့်ဆေးကုသပေးခဲ့ပြီး လက်ကောက်ဝတ်ရိုး ကျိုးတာကြောင့် မုံရွာမြို့မှာရောက်နေတုန်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးပြီး အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေတွေရဲ့ ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်တာတွေခံခဲ့ရုံမက ထောင်ဒဏ် ၁၁ နှစ်လည်း ချခံထားရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြထားပါတယ်။

ထောင်ပြောင်းရင်း မိုင်းခွဲရတဲ့ဖြစ်စဉ်မှာ ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၅ ယောက်နဲ့ တခြား ဒဏ်ရာရသူ ၃၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒေါက်တာ ဇော်ထွယ်အောင်ကို အာဇာနည်သူရဲကောင်းတယောက်အဖြစ် အသိအမှတ်ပြုပြီး ဒေါက်တာဇော်ထွယ်အောင်နဲ့ တခြားထိခိုက်ခံစားခဲ့ရသူတွေရဲ့ မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းတယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ ဝန်ကြီးဌာနအနေနဲ့ ဒီဖြစ်စဉ်အပေါ် ဆက်လက်စုံစမ်းစစ်ဆေးသွားမှာ ဖြစ်သလို မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းတဲ့အထိ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ လက်တွဲပြီး ကြိုးပမ်းတိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြောင်းလည်း ဆိုပါတယ်။

CDM Medical Network (CDMMN) ကလည်း ဒေါက်တာဇော်ထွယ်အောင်ကို ကျန်းမာရေးအာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုကြေညာလိုက်ပြီး ချင်းတွင်း ကျန်းမာရေးကွန်ယက်ကတော့ ဒေါက်တာဇော်ထွယ်အောင်အတွက် တရားမျှတမှုရဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူမှတ်တမ်းတင်ထားဖို့က ပြည်သူတရပ်လုံးမှာလည်း တာဝန်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013