ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်တာဟာ အီရန်-အိုမန် ဆွေးနွေးပွဲတွေနဲ့ မသက်ဆိုင်ဘဲ အမေရိကန်က အီရန်ရဲ့ အခြေအနေတွေကို လက်ခံခြင်းအပေါ်မှာသာ မူတည်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် IRGCက ဩဂုတ် ၈ ရက်မှာ ပြောခဲ့ပါတယ်။
၅ လကြာ အီရန်နဲ့ အမေရိကန် စစ်ပွဲကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ ရေနံတင်ပို့မှုတွေကို ပြန်စနိုင်မယ့် ဟော်မုဇ်ရေလက်ကြားကို မကြာမီ ပြန်ဖွင့်နိုင်မဲ့ တိုးတက်မှုတွေကို အီရန်နဲ့ အိုမန်အကြား ဆွေးနွေးပွဲမှာ ရခဲ့တယ်လို့ အမေရိကန်အရာရှိတယောက် ဩဂုတ် ၇ ရက်မှာ သတင်းပို့ခဲ့တာပါ။
ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်တာဟာ ကိုယ်ပိုင်ယန္တရားကို လိုက်နာတာသာ ဖြစ်ပြီး အီရန်နဲ့ အိုမန်နိုင်ငံကြား ဆွေးနွေးပွဲတွေနဲ့ လုံးဝဆက်စပ်မှု မရှိပါဘူးလို့ IRGC ပြောရေးဆိုခွင့်ရှိသူ ဟူစိန် မိုဟက်ဘီက ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီကလည်း အီရန်နဲ့ အိုမန်နိုင်ငံတို့ဟာ ရေလက်ကြား ဖြတ်ကျော် သင်္ဘောလမ်းကြောင်းတခုအတွက် သဘောတူညီချက်တခုရဖို့ အလွန်နီးစပ်နေပြီလို့ Fars သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source: Reuters










