DVB Logo
Home
နိုင်ငံတကာ
တရုတ်စစ်ရေးလေ့ကျင့်သည်နှင့်တပြိုင်နက် ထိုင်ဝမ်ကလည်း စစ်အင်အားပြ
DVB
·
August 20, 2023
တရုတ်စစ်ရေးလေ့ကျင့်သည်နှင့်တပြိုင်နက် ထိုင်ဝမ်ကလည်း စစ်အင်အားပြ
Donate to DVB

ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်စစ်ရေးလေ့ကျင့်မှု စခဲ့ပြီးတဲ့နောက် ထိုင်ဝမ်စစ်တပ်ကလည်း သူ့ရဲ့ စစ်အင်အားကို ပြတဲ့ ဗီဒီယိုဖိုင်ကို သြဂုတ် ၁၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

တပ်ဖွဲ့တွေရဲ့ တကယ့် စစ်မှန်တဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို စမ်းသပ်ဖို့၊ ရေတပ်နဲ့ လေတပ်တို့ ပူးတွဲလေ့ကျင့်ခဲ့ပြီး သင်္ဘော-လေယာဉ် ပေါင်းစပ်ညှိနှိုင်းမှုနဲ့ တပ်ဖွဲ့တွေကို စမ်းသပ်သိမ်းပိုက်တဲ့ ဘာသာရပ်တွေကို အာရုံစိုက် လုပ်ဆောင်ခဲ့တယ်လို့ ထိုင်ဝမ်ကျွန်းတဝိုက်က နယ်မြေအတွက် တာဝန်ရှိတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ဘက်စစ်တိုင်းကွပ်ကဲရေး ဌာနချုပ် က ပြောပါတယ်။

တရုတ်ပြည်မကြီးအစိုးရရဲ့ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့ပြီး တုံ့ပြန်ဖို့ သင့်လျော်တဲ့ တပ်ဖွဲ့တွေကို စေလွှတ်ပြီး အမျိုးသားလုံခြုံရေးကို သေချာစေဖို့ စွမ်းရည်၊ ဆုံးဖြတ်ချက်နှင့် ယုံကြည်စိတ်ချမှုရှိတယ်လို့ ပြောခဲ့ပါတယ်။ 

ထိုင်ဝမ်ဒုသမ္မတ ဝီလျံလိုင် အမေရိကန်ကို သွားရောက်လည်ပတ်ခဲ့လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားတဲ့အတိုင်း တရုတ်ပြည်မကြီးအစိုးရက ဒေါသတကြီး တုံ့ပြန်မှုအဖြစ် သြဂုတ် ၁၉ ရက်က တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေးလေ့ကျင့်ခဲ့ပေမယ့် ထိုင်ဝမ်ဒေသခံတွေက ဂရုမစိုက်ခဲ့ကြဘဲ ထိုင်ဝမ် အစိုးရကတော့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ 

ထိုင်ဝမ်ရဲ့ စီးပွားရေးရပ်ကွက်ထဲက စျေးဝယ်ဧရိယာမှာ လမ်းလျှောက်နေကြတဲ့ ဒေသခံ အများအပြားက တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို မကြောက်ဘဲ  "ပြပွဲ" တခုလို ခံစားခဲ့ရတယ်လို့ ပြောခဲ့ကြတာပါ။ 

အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အခိုင်မာဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံအဖြစ် အမေရိကန် အပေါ် သူတို့ရဲ့ ယုံကြည်မှုကို သက်သေထူခဲ့ကြပါတယ်။ 

ဒါပေမယ့် ထိုင်ဝမ်ဟာ အချိန်မရွေး တရုတ်ပြည်မကြီးနဲ့ ပေါင်းစည်းသွားနိုင်တာမို့ စိုးရိမ်တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

ထိုင်ဝမ်ကျွန်းပတ်ပတ်လည်က စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်တဲ့ တရုတ်လေယာဉ် ၄၂ စင်းနဲ့ သင်္ဘော ၈ စင်းကို စနေနေ့ မနက်ပိုင်းမှာ စတွေ့ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အရင်က တရားဝင် မဟုတ်တဲ့ အတားအဆီးအဖြစ် ဆောင်ရွက် ခဲ့ဖူးသည့် ထိုင်ဝမ်ရေလက်ကြားရဲ့ ပျမ်းမျှလမ်းကြောင်းကို တရုတ်လေယာဉ် ၂၆ စင်းက ဖြတ်ကျော်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ရေးသားဖော်ပြထားပါတယ်။

ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေအဖြစ် တရုတ်ပြည်မကြီးအစိုးရက ရှုမြင်ထားပေမယ့် ဒီမိုကရေစီ နည်းကျ အုပ်ချုပ်ခဲ့တဲ့ ထိုင်ဝမ်အစိုးရကတော့ တရုတ်ရဲ့အဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013