
ကွင်းလယ်ကစားသမား အယ်လစ္စတာ အနီကတ် ပြသခံရတာဟာ ပြင်းထန်ပြီး မဖြစ်သင့်ဘူးလို့ လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ဝေဖန်သွားပါတယ်။
အယ်လစ္စတာဟာ ပွဲချိန် ၅၈ မိနစ်မှာ ပြိုင်ဘက်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းလို့ဆိုပြီး တိုက်ရိုက်အနီကတ် ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။
အလစ္စတာအနေနဲ့ ပြိုင်ဘက်ရဲ့ခြေထောက်နဲ့ ထိတွေ့မှု ရှိခဲ့တာမှန်ပေမဲ့ ဘောလုံးပွဲချိန်တိုင်းမှာ ထိတွေ့မှု ရှိနေတာဖြစ်ပြီး အဝါကတ်သာ ပြသခဲ့မယ်ဆိုရင် ဘယ်သူကမှ ဝေဖန်နေစရာမရှိဟု နည်းပြကလော့ပ်က ပြောပါတယ်။
အနီကတ် ပြစ်ဒဏ်ဟာ ပြင်းထန်ပြီး မဖြစ်သင့်တာကြောင့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးစကား ပြောသွားမယ်လို့ ကလော့ပ်က ပြောခဲ့တာပါ။
လီဗာပူးအသင်းဟာ မိနစ် ၄၀ ကျော် တယောက်လျော့နဲ့ ကစားခဲ့ရပေမဲ့ ဘုန်းမောက်အသင်းကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရပြီး ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ပါတယ်။










