စပါးကို ရှုံးသည့်ပွဲ၌ အနီကတ်ထိခဲ့သည့် ကိုးလ်ပါလ်မာကို ဂယ်ရီနဗီးလ် ဝေဖန်
DVB
·
October 25, 2026
ချယ်လ်ဆီးကြယ်ပွင့် ကစားသမား ကိုးလ်ပါလ်မာဟာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။
မာသီးယပ်စ် ဖာနန်ဒက်စ်ကို တွန်းလှန်ခဲ့လို့ အဝါကတ်ပြခံရပြီးနောက် ပြိုင်ဘက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် ဒိုင်လူကြီးက ကွင်းထဲကနေ ထွက်ခိုင်းခဲ့တာပါ။
ဒီဖြစ်ရပ်အပေါ် ဂယ်ရီနဗီးလ်က ပါလ်မာဟာ စိတ်ထိန်းချုပ်မှု လွဲချော်သွားခဲ့ကြောင်း ဝေဖန်ပြောဆိုပါတယ်။
ဒါ့အပြင် အဲဒီပွဲမှာပဲ မော်ဂန် ရော်ဂျာစ်လည်း အနီကတ် ထိုက်တန်ကြောင်း နဗီးလ်က ထပ်လောင်း ပြောကြားသွားပါတယ်။











