
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဒေသခံ ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလောမြို့နယ်၊ လက္ကူးကျေးရွာ၊ ကျောက်စုဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ သြဂုတ် ၁၈ ရက်နေ့၊ ညနေ ၄ နာရီလောက်မှာ ဒေသခံအမျိုးသားတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူဟာ အသက် ၁၉ နှစ်အရွယ် ကိုညီမင်းဖြစ်ပြီး လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်းရွာသား ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကျောက်စုဂိတ်မှာ ညနေ ၄ နာရီလောက်က ကိုညီမင်းရဲ့ ဖုန်းကိုစစ်ဆေးတာ ဘာတွေ့လို့ ဆိုလဲ မသိဘူး။ ဖမ်းပြီး လမ်းမပြင်မှာနှိပ်စက်နေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ကိုညီမင်းကို ပုလောအခြေစိုက် ၂၈၅ တပ်ရင်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ မမီးကမ်းဟာ ဇရပ်ဆိပ်ရွာသူဖြစ်ပြီး ဈေးရောင်းဖို့ ပလမြို့ပေါ်မှာ ပစ္စည်းလာဝယ်ချိန် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မမီးကမ်းနဲ့ သူစီးလာတဲ့ဆိုင်ကယ်ကိုပါ ပလမြို့ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။










