DVB Logo
Home
မြန်မာသတင်း
ကျုံဒိုးတွင် စစ်ကောင်စီတပ်တိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးသေ
DVB
·
August 19, 2023
ကျုံဒိုးတွင် စစ်ကောင်စီတပ်တိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးသေ
Donate to DVB

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သြဂုတ် ၁၈ ရက် မနေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းဆီကနေ သိရပါတယ်။

ဂဠုန်စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ခမရ ၅၄၆ ဗျူဟာဘက်က စစ်ကောင်စီဘက်က ၅ ယောက် ဒဏ်ရာပြင်းထန်စွာရပြီး ဗိုလ်ကြီးတယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ၁၂၀မမ လက်နက်ကြီးနဲ့ တန်ပြန်ပစ်ခတ်တာကြောင့် အနီးနားကျေးရွာက ဒေသခံပြည်သူတချို့ ပိုင်ဆိုင်တဲ့ နွား၊ ခွေးနဲ့ ကြက်တွေ ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်းရဲ့ GD2 Drone Froce တပ်ဖွဲ့၊ ကျားဖြူတပ်ခွဲ ၃ (ပျံလွှားတပ်ခွဲ)Drone တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါဖြစ်ပါတယ်။

ဒီ တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ မြေပြင်မှာ မကြာခဏဆိုသလို ထိတွေ့တိုက်ခိုက်တာတွေရှိနေပြီး စစ်ကောင်စီတပ်စခန်းတွေကိုလည်း အလစ်အငိုက် တိုက်ခိုက်ခဲ့နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013