DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံက လူ ၁၈ သန်းကို ကူညီရန် ရန်ပုံငွေလိုအပ်ဟု ကုလအကြီးအကဲပြော
DVB
·
August 19, 2023
မြန်မာနိုင်ငံက လူ ၁၈ သန်းကို ကူညီရန် ရန်ပုံငွေလိုအပ်ဟု ကုလအကြီးအကဲပြော
Donate to DVB

မြန်မာနိုင်ငံတဝန်းက အကူအညီလိုအပ်နေတဲ့ လူပေါင်း ၁၈ သန်းကို ကူညီဖို့အတွက် ရန်ပုံငွေတိုးမြှင့်ပေးဖို့ ကုလသမဂ္ဂ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) လက်ထောက်အတွင်းရေးမှုး မာတင်ဂရစ်ဖ်က သြဂုတ် ၁၇ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဆက်တိုက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေတဲ့ အရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ၃ ပုံ ၁ ပုံရှိလာပြီလို့ ဂရစ်ဇ်က မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်တဲ့ခရီးစဥ်အပြီးမှာ ပြောကြားခဲ့ပါတယ်။

မစ္စတာဂရစ်ဖ်ဟာ မြန်မာနိုင်ငံခရီးစဥ်အတွင်း ရခိုင်နဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေ အပါအဝင် စစ်ကောင်စီ၊ ပဋိပက္ခနဲ့သဘာဝဘေးဒဏ်သင့်မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မာတင်ဂရစ်ဖ်က "ကိုဗစ် ၁၉ ကပ်ရောဂါ၊ ပဋိပက္ခနဲ့ မိုခါဆိုင်ကလုန်း တို့ရဲ့ ဆက်တိုက်ထိုးနှက်မှုတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတော်တော်များများဟာ ရုန်းကန်နေကြရပါတယ်။ ရခိုင်ပြည်နယ်မှာကော တနိုင်ငံလုံးမှာပါ ပိုပြီးလုပ်ဆောင်နိုင်ဖို့ ရန်ပုံငွေတွေ ပိုမိုလိုအပ်ပါတယ်လို့" ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဟာ မကြာသေးမီနှစ်တွေက မြင့်တက်လာခဲ့ပြီး ရွှေ့ပြောင်းဒုက္ခသည်ဦးရေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က ၃၈၀,၀၀၀ ပဲရှိခဲ့ရာကနေ အခုတော့  ၁ ဒသမ ၉သန်းအထိ​ဖြစ်လာပြီး ၂ နှစ်အတွင်း ၅ ဆတိုးလာပါတယ်။

မြို့တော်နေပြည်တော်မှာ ဂရစ်ဖ်ဟာ မြန်မာ့စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ပဋိပက္ခနဲ့သဘာဝဘေးဒဏ်သင့်ဒေသတွေက ထိခိုက်ခံစားရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ တိုက်ရိုက်အကူအညီပေးတာတွေတိုးချဲ့ဖို့ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်တွေ မြင့်တက်လာခဲ့ပေမယ့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းဆောင်ရွက်မှုတွေဟာ တနှစ်ပတ်လုံးလိုအပ်တဲ့ ရန်ပုံငွေရဲ့  ၂၂ ရာခိုင်နုုန်းပဲ ရရှိခဲ့ပါတယ်။

Photo. UNOCHA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013