DVB Logo
Home
မြန်မာသတင်း
ကသာမြို့နယ်ရဲမှူးအိမ်နှင့် ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ
DVB
·
August 19, 2023
ကသာမြို့နယ်ရဲမှူးအိမ်နှင့် ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့က မြို့နယ်ရဲမှူးအိမ်နဲ့ အမှတ် ၂ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဩဂုတ် ၁၉ ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ကသာမြို့နယ်ပကဖအဖွဲ့ တာဝန်ရှိသူက “ဗုံးသီးက ၂ လုံးချ တိုက်တိုက်ခိုက်ခဲ့တာဗျ။ တလုံးက မြို့နယ်ရဲမင်းကြီး သီးသန့်နေတဲ့အိမ်မှာ ကျတယ်။ နောက်တလုံးက အမှတ် ၂ ရဲစခန်းမှာ ကျတယ်ဗျ။ အထိခိုက်ကတော့ဘာမှမသိရသေးဘူး။ ဒရုန်းနဲ့ချတိုက်ခိုက်တာကြောင့် ကျနော်တို့ ကာကွယ်ရေးအဖွဲ့က ထိခိုက်မှုမရှိခဲ့ဘူး” လို့ ပြောပါတယ်။

ဒီမနက် ၅ နာရီအချိန်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ စစ်ကောင်စီဘက်က ကသာမြို့နယ်၊ ဘောလုံးကွင်းအတွင်းကနေ မိုးတာလေး တိုက်နယ်ဘက်မှာရှိတဲ့ ကျေးရွာတွေဆီကို လက်နတ်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

အခုလို ကာကွယ်ရေးအဖွဲ့ဘက်က တိုက်ခိုက်လို့ စစ်ကောင်စီဘက်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာတွေလုပ်နေပြီး ကသာမြို့ပေါ်မီတာ ၄၀၀ လို့ လူသိများတဲ့ ဘောလုံးကွင်းကနေ မနက်ခင်း ၆ နာရီအချိန်ကစပြီး မြို့ပြင်ဘက်ဆီကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း ကသာ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013