DVB Logo
Home
မြန်မာသတင်း
မိုးရွာသွန်းမှုကြောင့် အရှိုချင်းကာကွယ်ရေးတပ် ACDF စခန်းတချို့ပျက်စီး
DVB
·
August 19, 2023
မိုးရွာသွန်းမှုကြောင့် အရှိုချင်းကာကွယ်ရေးတပ် ACDF စခန်းတချို့ပျက်စီး
Donate to DVB

မကွေးတိုင်းမှာ မိုးရွာသွန်းတာများလို့ မကွေးတိုင်းတောင်ပိုင်း ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှာ အခြေစိုက်တဲ့အရှိုချင်းကာကွယ်ရေးတပ် ACDF ရဲ့ တပ်စခန်းတချို့နဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ စခန်းတာဝန်ခံဆီကနေ သိရပါတယ်။

မကွေးတိုင်းမှာ ဇူလိုင်လကုန်ပိုင်းကတည်းက မိုးစတင်ရွာနေတာဖြစ်ပြီး ဩဂုတ် ၈ ရက်နေ့ကတည်းက စတင်ပြီး ရေနစ်မြုပ်ကုန်တာဖြစ်ပါတယ်။

ရေနစ်မြုပ်မှုကြောင့် အရှိုချင်းကာကွယ်ရေးတပ် ACDFရဲ့ ရုံးဆောင်၊ စားဖိုဆောင်၊ ရဲဘော်ဆောင် ၂ ဆောင်၊ ကြက်ခြံနဲ့ သီးနှံစိုက်ခင်းတဧက စသည်တို့ပျက်စီးခဲ့ပါတယ်။

အရှိုချင်းကာကွယ်ရေးတပ် ACDFရဲ့ တာဝန်ခံတယောက်က “တပ်ဖွဲ့ဆောင်တွေရော သီးနှံစိုက်ခင်းတွေပါ ရေမြုပ်ကုန်တော့ ပျက်စီးဆုံးရှုံးမှုက အတော်များပါတယ်။ ရဲဘော်တွေကတော့ ရေလွတ်ရာ ပြောင်းနေကြရတာပေါ့။ အရေးပေါ်ပြုပြင်မှူတွေလုပ်သွားမှာပါ” လို့ ပြောပါတယ်။

အရှိုချင်းလူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းပြည်ကာကွယ်ရေးတပ်-အရှိုဟာ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း မကွေးတိုင်းတောင်ပိုင်းမှာအခြေစိုက်ပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013