DVB Logo
Home
နိုင်ငံတကာ
လစ်ဗျားတွင် ဖမ်းဆီးခံရသည့် တပ်မှူး ၁ ဦး ပြန်လွတ်လာ 
DVB
·
August 19, 2023
လစ်ဗျားတွင် ဖမ်းဆီးခံရသည့် တပ်မှူး ၁ ဦး ပြန်လွတ်လာ 
Donate to DVB

လစ်ဗျားနိုင်ငံရဲ့ အထူးတားဆီးရေးတပ်ဖွဲ့ SDF ဟာ အင်အားကြီး တပ်မဟာ ၄၄၄ ရဲ့ အကြီးအကဲတယောက်ကို ဖမ်းဆီးခဲ့ရာကနေ သြဂုတ်လ ၁၆ ရက်မှာတော့  အဖမ်းခံရတဲ့ တပ်မှူးဟာ သူ့တပ်ဖွဲ့ကို ပြန်ရောက်ရှိလာပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လစ်ဗျား အထူးတားဆီးရေးတပ်ဖွဲ့ SDF ထိန်းချုပ်ထားတဲ့ ထရီပိုလီမြို့တော်ရှိ မီတီဂါလေဆိပ်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တဲ့ လစ်ဗျားတပ်မှူး မာမွဒ်ဟမ်ဇာကို တနင်္လာနေ့မှာ ဖမ်းဆီးခဲ့တာပါ။ 

ဟမ်ဇာကို ဖမ်းဆီးခဲ့ပြီးနောက် တနင်္လာနေ့နှောင်းပိုင်းမှာ SDF နဲ့ တပ်မဟာ ၄၄၄ အကြား မြို့တော်ထရီပိုလီမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မြို့အကြီးအကဲတွေရဲ့ ကြားဝင်စေ့စပ်မှုအရ အင်္ဂါနေ့ နှောင်းပိုင်းမှာ SDF ဟာ ဟမ်ဇာကို တတိယအဖွဲ့ဖြစ်တဲ့ တည်ငြိမ်မှုပံ့ပိုးပေးရေးကိရိယာအဖွဲ့ (SSA) ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲဒီအဖွဲ့ကနေ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ သူ့ကို တပ်မဟာ ၄၄၄ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ တပ်မဟာရှိ တာဝန်ရှိသူ နှစ်ယောက်က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

တိုက်ပွဲတွေကြောင့် လူ ၅၅ ဦး သေဆုံးကာ ၁၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထရီပိုလီ ကျန်းမာရေး အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

လစ်ဗျားနိုင်ငံမှာ အဓိက အရှေ့ဘက်နဲ့အနောက်ဘက်အကြား ၂၀၂၀ အပစ်အခတ်ရပ်စဲရေး နောက်ပိုင်း စစ်ပွဲကြီးတွေကို ရပ်တန့်ထားတာဖြစ်ပေမယ့် ပြိုင်ဘက်အုပ်စုတွေဟာ နယ်မြေအများစုကို ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013