DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးနှင့် ရွှေဈေး စံချိန်တင် ထပ်မံမြင့်တက်
DVB
·
August 18, 2023
ဒေါ်လာဈေးနှင့် ရွှေဈေး စံချိန်တင် ထပ်မံမြင့်တက်
Donate to DVB

မြန်မာကျပ်ငွေတန်ဖိုးဟာ ဩဂုတ် ၁၈ ရက် ဒီနေ့ညနေပိုင်းမှာ ဆက်လက်ထိုးဆင်းနေပြီး ဒေါ်လာဈေး ကျပ် ၃,၉၀၀ ဝန်းကျင်၊ ရွှေဈေး ကျပ် ၃၉ သိန်းခွဲထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ နိုင်ငံခြားငွေဈေးကွက်နဲ့ ရွှေဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

ရွှေကုန်သည်တဦးက “မနက်တုန်းကတော့ သိန်း ၄၀ အထိကို တက်သွားတယ်။ အခုတော့လည်း ၃၉ သိန်းခွဲလောက် ပြန်ဖြစ်တယ်။ နည်းနည်းဈေးမငြိမ်ဘူး။ ဘဏ်တွေကို ပိတ်ဆို့တဲ့ အကြောင်းတွေ၊ နှစ်သောင်းတန်ဂယက်တို့ ဒီကောလာဟလ ဂယက်တွေကလည်း ကြီးတယ်လေ။ ဒါကြောင့်ဖြစ်နေတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို ရွှေဈေး စံချိန်တင် ထိုးတက်နေပေမဲ့ အဖမ်းအဆီး အစစ်အဆေး များနေတာကြောင့် ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေဟာ အခေါက်ရွှေ အတုံးတွေကို အရောင်းပိတ်ထားကြတယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။‌

ရန်ကုန်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်တဦးက “အခေါက်ကိုတော့ ဘယ်ဆိုင်မှ မရောင်းရဲကြဘူးလေ။ အဖမ်းခံရမှာ ကြောက်ကြတာကိုး။ ၁၅ ပဲရည်ကျတော့လည်း ရွှေဈေး နည်းနည်းလျှော့ပြီး အလျော့တွက်တွေ တင်ပြီးရောင်းနေကြတာပေါ့။ ဒီပေါက်ဈေးနဲ့ပဲ တွက်ပြီး ရောင်းနေကြတာပါပဲ။ အရောင်းအဝယ်ကတော့ ပါးပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာရဲ့ မြန်မာ့စီးပွားရေးအပေါ် အရေးယူပိတ်ဆို့မှု၊ နှစ်သောင်းတန်ငွေစက္ကူ ထုတ်‌ဝေမှု၊ ပို့ကုန်လျော့နည်း ကျဆင်းမှုတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုးဟာ ဆက်တိုက် ထိုးဆင်းနေခဲ့တာဖြစ်ပြီး ဈေးနှုန်းမတည်ငြိမ်မှု‌တွေကြောင့် အရှုံးအမြတ်များသလို ရွှေဈေးကွက် ကမောက်ကမ ဖြစ်နေဆဲပဲလို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

မကြာသေးခင်က စင်ကာပူဘဏ် UOB ဟာ သူ့ရဲ့ဝန်ဆောင်မှုတွေကို လျှော့ချကန့်သတ်တာမျိုး လုပ်ခဲ့သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်ဘဏ်ဖြစ်တဲ့ Sonali Bank ကလည်း စကစရဲ့ ငွေတသန်းလောက်ကို ထိန်းချုပ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013