DVB Logo
Home
မြန်မာသတင်း
အင်းတော်စစ်ခုံရုံးက  ဒေသခံ အမျိုးသား ၂ ဦးကို  ထောင်ဒဏ် တသက်ချမှတ်
DVB
·
August 18, 2023
အင်းတော်စစ်ခုံရုံးက  ဒေသခံ အမျိုးသား ၂ ဦးကို  ထောင်ဒဏ် တသက်ချမှတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဒေသခံ အမျိုးသားနှစ်ယောက်ကို  စစ်ကောင်စီတပ်က ဖမ်းဆီးပြီး  PDF ရိက္ခာထောက်ပံ့တယ်လို့ စွပ်စွဲကာ သြဂုတ် ၁၅ ရက်က  အင်းတော်မြို့ စစ်ခုံရုံးကနေ  ထောင်ဒဏ်တသက် ချမှတ်လိုက်တယ်လို့  နယ်ခံတွေထံက သိရပါတယ်။

အင်းတော်မြို့နယ်  ကမ်းနီကျေးရွာနေ  ဦးအောင်ဇော်ဦး (ခ) ဇော်ဦးနဲ့  ဦးတင်မြင့်တို့ကို ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (ဂ) တို့နဲ့ တရားစွဲပြီး ထောင်ဒဏ် တသက်ချမှတ်ခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာလည်း ဖော်ပြထားပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက  "သူတို့နှစ်ဦးက ပြီးခဲ့တဲ့ဇွန်လပိုင်းက  အဖမ်းခံရတာ။ PDF ထောက်ပံတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းပြီး အခု ထောင်တစ်သက်ချလိုက်တယ်။ စစ်ခုံရုံးကပဲ ပုဒ်မ နှစ်ခုတပ်ပြီး ထောင်တသက် ချလိုက်တာ" လို့ ပြောပါတယ်။

အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့က မြို့တွင်း မြို့ပြင် သွားလာနေတဲ့ မော်တော်ယာဉ် စီးနင်းသူတွေရဲ့ တယ်လီဖုန်းတွေကို စစ်ဆေးကာ သြဂုတ်  ၉ ရက်မှ  ၁၄ ရက်အထိ အမျိုးသား အမျိုးသမီး ၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013