DVB Logo
Home
နိုင်ငံတကာ
ကိုလံဘီယာ၌ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်
DVB
·
August 18, 2023
ကိုလံဘီယာ၌ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်
Donate to DVB

ကိုလံဘီယာမြို့တော် ဘိုဂိုတာမှာ ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၃ ရှိတဲ့ အင်အားပြင်း ငလျင်တခု သြဂုတ် ၁၇ ရက်က လှုပ်ခတ်ခဲ့လို့ ဒေသခံတွေ ကြောက်လန့်တကြား လမ်းပေါ်ကို ထွက်ပြေးခဲ့ကြပြီး အမျိုးသမီးတဦး လဲကျသေဆုံးသွားခဲ့ပါတယ်။

မြို့တော်ရဲ့လမ်းတွေပေါ်မှာ လူတွေ စည်ကားနေချိန်မှာ ကနဦးငလျင် လှုပ်ပြီးနောက် ပြင်းအား ၆ ဒသမ ၁ ရစ်ချ်တာစကေးရှိကြောင်း ကိုလံဘီယာနိုင်ငံရဲ့ အမျိုးသားဘူမိဗေဒဌာနက ခန့်မှန်းထားပါတယ်။

နောက်မိနစ်ပိုင်းအကြာမှာပဲ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်သွားခဲ့ရာမှာ ဒုတိယငလျင်ဟာ ရစ်ခ်ျတာစကေး ၅ ဒသမ ၆ ပြင်းအားရှိပြီး နောက်ဆက်တွဲငလျင်ဟာ ၄ ဒသမ ၈ ပြင်းအားရှိကြောင်း တိုင်းတာ ခန့်မှန်းထားပါတယ်။

ဒေသခံတွေဟာ နေအိမ်တွေ၊ ရုံးခန်းတွေနဲ့ စားသောက်ဆိုင်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် အခုချိန်အထိ ကြီးကြီးမားမား ပျက်စီးမှုရှိတဲ့ သတင်းတွေ မကြားသိရသေးပါဘူး။

မြို့တော်ဝန် ကလော်ဒီယာလိုပက်ဇ်ကတော့ ငလျင်လှုပ်ခတ်နေချိန်မှာ မြို့တော်ရဲ့ အရှေ့တောင်ဘက်မှာ အမျိုးသမီးတယောက် ပြတင်းပေါက်ကနေ ပြုတ်ကျသေဆုံးသွားခဲ့တယ်လို့ ဆိုရှယ်မီဒီယာပလက်ဖောင်း X ပေါ်မှာ ပြောကြားခဲ့ပါတယ်။

အရှေ့တောင်ဘက် မက်ထာကုန်းမြင့်မြို့ရှိ ကယ်လ်ဗာရီခရိုင်တခုလုံးက နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကိုလံဘီယာ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။

အနီးနားရှိ ဗီလာဗင်ဆန်စီယိုမှာ မြေပြိုမှုတခုရှိခဲ့ပြီး အဲဒီဒေသမှာ ဆေးရုံတရုံဟာ လူနာတွေရဲ့ ဆေးရုံခုတင်တွေကို လမ်းဘေးကို သယ်ရွှေ့ ထားခဲ့ရပါတယ်။

ငလျင်လှုပ်ခတ်တဲ့ ဧရိယာတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေနံရှာဖွေရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာပါ။

လူဦးရေ သန်း ၅၀ ရှိတဲ့ ကိုလံဘီယာနိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ ငလျင်လှုပ်တာ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013