DVB Logo
Home
မြန်မာသတင်း
မြန်မာဘဏ် ၂ ခု၏  ဒေါ်လာ ၁ သန်းကျော်အပ်ငွေများကို ဘင်္ဂလားဒေ့ရှ်ဘဏ် ထိန်းချုပ် 
DVB
·
August 17, 2023
မြန်မာဘဏ် ၂ ခု၏  ဒေါ်လာ ၁ သန်းကျော်အပ်ငွေများကို ဘင်္ဂလားဒေ့ရှ်ဘဏ် ထိန်းချုပ် 
1 / 2
Donate to DVB

စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ရဲ့ ဘဏ်အကောင့်တွေကို ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်က ထိန်းချုပ်ထားလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေအရ သိရပါတယ်။

MFTB ဘဏ်နဲ့ MICB ဘဏ်တွေကို အမေရိကန်က ပြီးခဲ့တဲ့ ဇွန်လတုန်းက ပိတ်ဆို့ဒဏ်ခတ်အရေးယူထားတာဖြစ်ပြီး အခုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနထံကို အမေရိကန်ရဲ့ တောင်းဆိုချက်အရ  မြန်မာဘဏ် ၂ ခုရဲ့ အကောင့်တွေနဲ့ ငွေပေးငွေယူ လုပ်ငန်းလည်ပတ်မှုတွေကို  ထိန်းချုပ်ထားလိုက်တာ ဖြစ်ပါတယ်။

MFTB ဘဏ်ဟာ ဆိုနာလီဘဏ်မှာ အပ်ငွေ အမေရိကန်ဒေါ်လာ တစ်သိန်းရှိထားပြီး MICB ဘဏ်က  ဒေါ်လာ ၁ သန်းရှိထားပါတယ်။ ဆိုနာလီဘဏ်ကလည်း MFTB မှာ ကန်ဒေါ်လာ ၁၇၀၀၀ နဲ့ MICB မှာ ကန်ဒေါ်လာ ၂ သိန်း အပ်ငွေရှိထားကြောင်း Dhaka tribune သတင်းအရ သိရတယ်။

နယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ငွေပေးငွေယူကိစ္စတွေကို  ဆိုနာလီဘဏ် အကောင့်တွေကတဆင့် ပြုလုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ MFTB ဘဏ်နဲ့ MICB တို့ရဲ့ ဘဏ်အကောင့်တွေ ထုတ်ယူလို့မရ လွှဲပြောင်းလို့ မရ ဖြစ်နေတယ်လို့ မြန်မာကုန်သည်တွေက  ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်သည်ကြီးတဦးက "ဆိုနာလီဘဏ်က ငွေတွေကို ဒေါ်လာအစား တာကာငွေနဲ့ ​ဖလှယ်ပြီး ထုတ်ယူဖို့ကြိုးစားနေပါတယ်။ ကုန်သွယ်မှုကတော့ ဒေါ်လာနဲ့ မဟုတ်ရင်လည်း တာကာငွေနဲ့ ကုန်သွယ်မှုပြုခွင့်က  မြန်မာအစိုးရရဲ့ ဗဟိုဘဏ် မူဝါဒအပေါ်မှာ မူတည်နေတယ်"လို့ ဆိုပါတယ်။

ဒါပေမဲ့ အခုလို မြန်မာဘဏ်နှစ်ခုကို အရေးယူလိုက်တာကြောင့် ဘင်္ဂလား-မြန်မာကုန်သွယ်မှုကတော့ ရပ်တန့်နိုင်ဘူးလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တဦးက "ကုန်သွယ်မှုက ဘယ်လိုမှမရပ်တန့်နိုင်ဘူး။ မြန်မာဘက်က ပို့လိုက်တဲ့ကုန်တွေကို Coustom duty မြှင့်ထားတဲ့ကုန်တွေကို အချိန်ကြာလာရင် လေလံပစ်တာ။ အဲ့ဒီမှာ မြန်မာဘက်က ကုန်သည်နဲ့ချိတ်ဆက်ထားတဲ့ ဘင်္ဂလား ကုန်သည်က လေလံအောင်နိုင်အောင် အာဏာပိုင်တွေနဲ့ အပေးအယူလုပ်ပြီး စျေးနှုန်း အနည်းနဲ့ ရအောင်ယူကြတာပါ” လို့ပြောပါတယ်။

မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ၂၀၂၂ ဇွန်လမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ကုန်စည်တန်ချိန် ၁၈၆၄၄၅  တန်ကျော် တင်ပို့ခဲ့တယ်လို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တရားဝင် အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013