DVB Logo
Home
နိုင်ငံတကာ
ဟာဝိုင်အီ တောမီးကြောင့် သေဆုံးသူ ၁၁၀ ထိမြင့်တက်
DVB
·
August 17, 2023
ဟာဝိုင်အီ တောမီးကြောင့် သေဆုံးသူ ၁၁၀ ထိမြင့်တက်
Donate to DVB

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် မောက်အီတောမီးကြောင့် သေဆုံးသူ ၁၁၀ ဦးအထိ ရှိလာခဲ့ကြောင်း ဟာဝိုင်အီပြည်နယ် အုပ်ချုပ်ရေးမှူး ဂျို့ရှ် ဂရင်းန်က သြဂုတ် ၁၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေနဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်ဆောင်နေကြောင်းလည်း အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ဖက်ဒရယ်အစိုးရဟာ ကယ်ဆယ်ရေးလုပ်သား ၇၀၀ နဲ့ ဒါဇင်နဲ့ချီတဲ့ ကယ်ဆယ်ရေးခွေး အဖွဲ့တွေကို ဒေသအာဏာပိုင်တွေဆီ အကူအညီပေးဖို့ စေလွှတ်ထားကြောင်း ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ အခုချိန်ထိ ဘေးအန္တရာယ်သင့် ဧရိယာရဲ့ ၃ ပုံ ၁ ပုံလောက်ကို ရှာဖွေထားကြောင်း ဒေသဆိုင်ရာ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီသီတင်းပတ်အဆုံးမှာ မောက်အီကျွန်းအတွက် နောက်ဆုံးထွက် မိုးလေဝသခန့်မှန်းချက်မှာ လေပြင်းတိုက်ခတ်တာနဲ့ မိုးရွာနိုင်ခြေရှိပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ သဘာဝဘေးအလွန် ပြန်လည်ကုစားရေး ကြိုးပမ်းမှုတွေကို ရှုပ်ထွေးစေဦးမယ်လို့  ရိုက်တာမှာ ဖော်ပြထားပါတယ်။

ဟာဝိုင်အီက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အမေရိကန်စစ်တပ်နဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တွေကလည်း သြဂုတ် ၁၅ ရက်က အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေနဲ့အတူ ကူညီခဲ့ကြပါတယ်။

ဟာဝိုင်အီစစ်တပ်နဲ့ အမျိုးသားအစောင့်တပ်တို့ကို ဖွဲ့စည်းထားတဲ့ ပေါင်းစပ်လုပ်ငန်းတပ်ဖွဲ့ (CJTF-50) ဟာ တောမီးအပြီးမှာ ပိုက်စိပ်တိုက် ရှာဖွေကယ်ဆယ်ရေးမှာ မောက်အီ အာဏာပိုင်တွေကို ကူညီနေပုံ ဗီဒီယိုကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြခဲ့ပါတယ်။

မောက်အီကျွန်းရှိ လဟိုင်းနား အပန်းဖြေမြို့ကိုသွားတဲ့ အမြန်လမ်းမကြီးကို သြဂုတ် ၁၆ ရက်မှာ ပြန်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က တောမီးလောင်အပြီး နေထိုင်သူတွေနဲ့ အရေးပေါ်တုံ့ပြန်သူတွေကို ပထမဆုံးအကြိမ် ဝင်ခွင့်ပေးခဲ့ပါတယ်။

လဟိုင်းနား မြို့ရှောင်လမ်းကို နေ့စဉ် ဒေသစံတော်ချိန် မနက် ၆ နာရီကနေ ည ၁၀ နာရီအထိ အများပြည်သူကို ဖွင့်လှစ်ပေးဖို့ ညွှန်ကြားထားပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013