DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ခရစ်ယာန်ဘုရားကျောင်းများနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရ
DVB
·
August 17, 2023
ပါကစ္စတန်တွင် ခရစ်ယာန်ဘုရားကျောင်းများနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရ
Donate to DVB

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ ခရစ်ယာန်အသိုက်အဝန်းတခုကို မွတ်စလင်လူအုပ်ကြီးက သြဂုတ် ၁၆ ရက်က တိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအများအပြား ဖျက်ဆီးခံခဲ့ရကာ နေအိမ်အများအပြားလည်း မီးရှို့ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နဲ့ ရပ်ရွာခေါင်းဆောင်တွေက ပြောပါတယ်။

ဖိုင်ဆာလာဘတ် စက်မှုခရိုင်ရှိ ဂျာရန်ဝါလာမြို့မှာ ကိုရမ်ကျမ်းကို ရှုတ်ချပြီး အစ္စလာမ်ဘာသာကို ပစ်မှားကြောင်း ခရစ်ယာန်အသိုင်းအဝိုင်းဝင် လူ ၂ ဦး စွပ်စွဲခံရပြီးနောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခရစ်ယာန်တွေကတော့ သူတို့မိသားစုတွေနဲ့ ထွက်ပြေးသွားပြီလို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ နာဗိဒ်အာမဒ်က ပြောပါတယ်။

ခရစ်ယာန်ဘာသာဝင် ၂ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာမှာ ကုရ်အာန်ကျမ်းစာ စာမျက်နှာတွေမှာ မင်အနီရောင်နဲ့ ကဲ့ရဲ့ရှုတ်ချထားတဲ့ မှတ်ချက်တချို့ကို ရေးထားတာ တွေ့ရပါတယ်။

ပါကစ္စတန်မှာ ဘာသာတရား ကိုးကွယ်ယုံကြည်မှုကို ပစ်မှားစော်ကားမှုဟာ သေဒဏ်အပြစ်ပေးခံရထိုက်ပြီး ဒီ့အတွက် ဘယ်သူမှ ကွပ်မျက်ခြင်းမခံရဘူးပေမဲ့ စွပ်စွဲခံရသူ အများအပြားကို လူအုပ်ကြီးက ဒေါသတကြီး ရိုက်နှက်လေ့ရှိပါတယ်။

အိမ်စောင့်ဝန်ကြီးချုပ် အန်ဝါ အူလ်ဟာ့ခ် ကက်ကာက ဗုဒ္ဓဟူးနေ့ အကြမ်းဖက်မှုအတွက် တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုထားပါတယ်။

ဒေသတွင်း အစ္စလာမ္မစ်နိုင်ငံရေးပါတီ (TLP) မှ ဘာသာရေးဆရာတွေဟာ လူအုပ်ကို ဦးဆောင်ပြီး အကြမ်းဖက်မှုကို လှုံ့ဆော်နေတယ်ဆိုတဲ့ အခိုင်အမာ ပြောဆိုချက်တွေကို TLP က ငြင်းဆိုထားကြောင်း အစိုးရသတင်းရင်းမြစ်တခုက ပြောပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013