DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံက ၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်မယူဟုဆို 
DVB
·
August 17, 2023
မြန်မာနိုင်ငံက ၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်မယူဟုဆို 
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခတွေ ကာလရှည်ကြာဖြစ်ပွားနေတာကြောင့် ၂၀၂၆ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်မယူတော့ဘဲ နုတ်ထွက်ဖို့ရှိနေတယ်လို့  အာဆီယံ သံတမန်သတင်းရင်းမြစ်ကို  ကိုးကားပြီး  ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။

၂၀၂၆ မြန်မာနိုင်ငံရဲ့ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်က တာဝန်ယူသွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၂၇ ခုနှစ်လောက်မှ ပြန်လည်ရယူသွားဖို့ရှိနေတယ်လို့ဆိုပါတယ်။

အခုလို  အလှည့်ကျ ဥက္ကဋ္ဌ တာဝန်မယူတော့မယ့်ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တရားဝင် ထုတ်ပြန် ပြောကြားတာမရှိသေးပါဘူး။ 

အာဆီယံပဋိညာဥ် အပိုဒ် ၃၁ အရ အဖွဲ့ဝင်နိုင်ငံတွေဟာ အာဆီယံဥက္ကဋ္ဌ  တာဝန်ကို ၁ နှစ်စီ ပြောင်းလဲ တာဝန်ယူကြတာဖြစ်ပြီး  လက်ရှိအာဆီယံဥက္ကဋ္ဌဟာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့  လာအိုနိုင်ငံက တာဝန်ယူသွားရမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံက တာဝန်ယူဖို့ အလှည့်ကျပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးပြဿနာများစွာကို ရင်ဆိုင်နေရပါတယ်။ အဲဒီထဲက အရေးအကြီးဆုံးကတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (EAOS)၊ ထောင်ပေါင်းများစွာသော ပြည်သူ့စစ်တွေ အပါအဝင် တိုးပွားလာတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ခိုက်နေရပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ မြန်မာစစ်တပ်က အရေးပေါ် အခြေအနေကြေညာထားတာကို  နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပါတယ်။ မူလက သြဂုတ်လမှာ ပြုလုပ်ဖို့ စီစဥ်ထားတဲ့ ရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲကာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်တုန်းကလည်း နိုင်ငံအတွင်း ပြဿနာတွေကြောင့် ၂၀၀၆ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်မယူဘဲ လက်လွှတ်ခဲ့ရဖူးပါတယ်။

အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရတဲ့နိုင်ငံဟာ အာဆီယံထိပ်သီးအစည်းအဝေး၊ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေအပြင် သက်ဆိုင်ရာ အာဆီယံ ကဏ္ဍဆိုင်ရာ ဝန်ကြီးအဖွဲ့တွေ၊ အကြီးတန်းအရာ အစည်းအဝေးတွေလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ရတာဖြစ်ပါတယ်။

Source - Thai PBS Worlds

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013