DVB Logo
Home
မြန်မာသတင်း
ဖာပွန် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ၁ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး
DVB
·
August 16, 2023
ဖာပွန် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ၁ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး
1 / 2
Donate to DVB

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကော်မတီဝင်တဦးကို ဒီနေ့ မနက် ၁၁ နာရီက ယွန်းစလင်းချောင်းအတွင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အလုပ်အမှုဆောင် ဦးဘသန်းဟာ သြဂုတ် ၁၂ ရက်က သေနတ်နဲ့ပစ်ခံရပြီးနောက် ပျောက်ဆုံးသွားတာဖြစ်ပြီး ဒီနေ့မှ ယွန်းစလင်းချောင်းအတွင်း အလောင်းပြန်ပေါ်လာတာလို့ မြို့ခံတဦးက ပြောပါတယ်။

"၁၂ ရက်နေ့က လယ်ထဲမှာ နှုန်းသွားတင်တဲ့အချိန် အပစ်ခံရတာ ချောင်းထဲကျပြီး ပျောက်နေတာ ဒီနေ့မှ ပြန်တွေ့တာ။" 

သေဆုံးသူမှာ ဖာပွန်မြို့နယ် တခွန်တိုင်ကျေးရွာနေသူဖြစ်ပြီး သြဂုတ် ၁၂ ရက် မနက် ၁၀ နာရီက စနိုက်ပါနဲ့ပစ်ခတ်ခံရပြီး ယွန်းစလင်ချောင်းအတွင်း ပြုတ်ကျကာ အလောင်းကို ဒီနေ့ မနက် ၁၁ နာရီက ဝေမှုန်ကျေးရွာအနီးရှိ ချောင်းအတွင်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ရှင်းပြပါတယ်။

ဖာပွန်မြို့နယ် အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဇူလိုင်လ ၁၈ ရက် မနက်နဲ့ညနေက ဗုံးသုံးကြိမ်ပေါက်ကွဲခဲ့ရာ ရဲတပ်သား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ရုံးပြိုကျပျက်စီးခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း တောင်ငူမြို့နယ်၊ စလင်းမြို့နယ်၊ ရပ်စောက်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးဥက္ကဋ္ဌနဲ့ စည်းရုံးရေးမှူး ၄ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေလည်းရှိ ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ အပါအဝင် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးသူ ၂,၄၀၀ နီးပါးရှိတယ်လို့ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ထားပေမဲ့ ဒီဗွီဘီအ​နေဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013