DVB Logo
Home
မြန်မာသတင်း
မောင်တော လက်ယာချောင်းတံတား တောင်ကျရေကြောင့် ပျက်စီး၊ ဒေသခံများ အခက်တွေ့
DVB
·
August 16, 2023
မောင်တော လက်ယာချောင်းတံတား တောင်ကျရေကြောင့် ပျက်စီး၊ ဒေသခံများ အခက်တွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီး ရေလွှမ်းမိုးကာ တောင်ကျချောင်းရေကြောင့် တံတားတပိုင်း မျောပါပျက်စီးသွားခဲ့ရတဲ့ လက်ယာချောင်းတံတားကို အမြန်ဆုံးပြုပြင်ဖို့ လိုအပ်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အလျားပေ ၂ဝဝ၊ အနံ ၁၂ ပေရှိတဲ့ မာဇီးတံတားမှာ ပျက်စီးမှု နည်းပါးတဲ့အတွက် ပြုပြင်ပြီးစီးခဲ့ပေမဲ့ အလျား ၂၆ဝ ပေ၊ အနံ ၁၂ ပေရှိ လက်ယာချောင်းတံတားကို ဒီနေ့အထိ မပြုပြင်နိုင်သေးဘဲ ရှိနေတာပါ။

မောင်တောဒေသခံ တဦးက “ရေကတော့ ကျသွားပြီဗျ။ ဒီတံတားကို အမြန်ဆုံးပြုပြင်ပေးဖို့တော့ လိုတယ်။ တံတားမပြုပြင်သေးတာကြောင့် လူတွေ သွားလာနေရတာက အန္တရာယ်များစွာရှိနေတယ်။ ကူးတို့ခ လူတယောက်ကို ၂,၅၀၀၊ ဆိုင်ကယ်တစီးကို ၅,၀၀၀ ပေးပြီး ဝါးဖောင်တွေ၊ လှေတွေနဲ့ ဖြတ်ကူးနေကြရတယ်”လို့ ပြောပါတယ်။

ဒေသခံတွေဟာ အဲဒီချောင်းကို လှေတွေ၊ ဝါးဖောင်တွေနဲ့ လူ၊ ဆိုင်ကယ်၊ ကုန်စည်တွေကို အခက်အခဲများစွာနဲ့ ကူးနေရတာကြောင့် လက်ယာချောင်းတံတားကို အမြန်ဆုံး ပြုပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုထားကြတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်မှာ သြဂုတ်လဆန်းပိုင်းက မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် တောင်ကျချောင်းရေတွေ မြင့်တက်ပြီး ​မောင်တောမြောက်ပိုင်းရှိ သစ်သားတံတားတွေဖြစ်တဲ့ အလျား ၂၆ဝ ပေ၊ အနံ ၁၂ ပေရှိ လက်ယာချောင်းတံတားနဲ့ အလျားပေ ၂ဝဝ၊ အနံ ၁၂ ပေရှိသ မာဇီးတံတားတို့ ပျက်စီးခဲ့တာပါ။

“ဒီတံတား ပျက်နေတော့ ကျေးရွာ ၃၀ လောက် စားနပ်ရိက္ခာ ပြတ်လပ်လာနေတယ်။ ကုန်းစျေးနှုန်းက ၂ ဆနီးပါး မြင့်တက်လာနေတယ်။ ဘယ်လိုစားသောက် နေထိုင်ရမလဲ မသိတော့ဘူး။ တံတားပျက်နေတော့ ဘာစီးပွားရေးမှလည်း မလုပ်နိုင်ကြဘူးလေ။”

လက်ယာချောင်းတံတား ပျက်စီးနေတာကြောင့် မြဝတီ၊ သက်ကိုင်ညှာ၊ နတ်ချောင်း၊ နန်းရာကိုင်း၊ တမန်းသား၊ သစ်တုံးနားခွဆုံ၊ မင်းခမောင်း၊ ခမောင်းဆိပ်၊ ငါးရံချောင်း၊ ဝေလာတောင်၊ ကာလာဒေဘတ်၊ ရဲအောင်စံရဖွေ၊ ကြောင်နဖေ၊ ရဲအောင်ချောင်း၊ မင်္ဂလာညွန့်၊ အောင်သပြေ၊ တပ်ချောင်း၊ အင်တူလာ၊ ဘယ်တူလာ၊ ဘောင်းဘီ၊ ဒုံးညို၊ ပျားရည်၊ ဗန္ဓုလ စတဲ့ ကျေးရွာ ၃၀ ခန့် သွားလာရေး အခက်အခဲ ဖြစ်ပေါ်လာပြီး စားနပ်ရိက္ခာတွေ ပြတ်တောက်ကာ ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013