DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် MDF ကင်းစခန်း မီးရှို့ဖျက်ဆီးခံရ၊ ကျပ်သိန်း ၂၀၀ ခန့်ဆုံးရှုံး
DVB
·
August 16, 2023
ဘုတလင်တွင် MDF ကင်းစခန်း မီးရှို့ဖျက်ဆီးခံရ၊ ကျပ်သိန်း ၂၀၀ ခန့်ဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်းမှာရှိတဲ့ ဘုတလင်တပ်ခွဲရဲ့ ကင်းစခန်း မီးရှို့ဖျက်ဆီးခံလိုက်ရပြီး စစ်အသုံးအဆောင်ပစ္စည်းတွေ အပါအဝင် ကျပ်သိန်း ၂၀၀ လောက် ဆုံးရှုံးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဩဂုတ် ၁၄ ရက်က အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ်တဝိုက်ကို စစ်ကြောင်းထိုးကာ Myanmar Defence Force - MDF ဘုတလင် တပ်ခွဲ အထိုင်ချထားတဲ့ ကင်းစခန်းကို ရှာဖွေတွေ့ရှိသွားပြီး ဆိုင်ကယ်၊ မီးစက်၊ ရေစုပ်စက်နဲ့ မိုင်းထုတ်လုပ်ရေးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ MDF တာဝန်ရှိသူက ပြောပါတယ်။

“ဘုတလင်ဘက်က ကျနော်တို့ကင်းစခန်းကို စခတွေ ရှာတွေ့သွားပြီး မီးရှို့ဖျက်ဆီးလိုက်တာပါ။ မီးစက်တို့ ဆိုင်ကယ်တို့ စစ်သုံးပစ္စည်းတချို့နဲ့ တဲတွေ ပါသွားတာပေါ့။ ဘုတလင် ကင်းစခန်းဘက်မှာတော့ လူမရှိဘူး။ မိုင်းတွေထောင်ပြီး ဆုတ်ပေးထားတာ။ ဆုံးရှုံးမှုက သိန်း ၂၀၀ ဝန်းကျင်လောက်ရှိတယ်။”

အဆိုပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်က ဘုတလင်မြို့နယ်၊ မောင်းထောင်စံပြကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးမှု များပြားခဲ့သလို ဩဂုတ် ၁၃ ရက်နေ့မှာ သခွပ်တနယ်ကျေးရွာရှိ တိုက်နယ်ဆေးရုံ အပါအဝင် နေအိမ်ဆိုင်ခန်းတွေကို ၂ ကြိမ်ဆက်တိုက် မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်တဝိုက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်စီတပ်ဖွဲ့ဝင်တွေဟာ စကခ ၄ လက်အောက်ခံ ခမရ ၇၀၂ နဲ့ ခမရ ၇၀၈ တပ်တို့က ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013