
လီဗာပူးအသင်းဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ ကိုင်ဆယ်ဒိုရဲ့ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်ခဲ့ရ ကြောင်း ဘရိုက်တန် စီအီးအို ပေါလ်ဘာဘာ ကပြောသွားပါတယ်။
ကိုင်ဆယ်ဒိုအတွက် ပေါင် ၁၁၁ သန်းနဲ့ လီဗာပူးဆီ ရောင်းချဖို့ ဘရိုက်တန်ဘက်က သဘောတူခဲ့ပေမဲ့ ကိုင်ဆယ်ဒိုနဲ့ အေးဂျင့်ဘက်က ငြင်းဆန်ခဲ့ပြီး ချဲလ်ဆီးနဲ့ ပြန်လည်ဆွေးနွေးဖို့ တိုက်တွန်းခဲ့တာပါ။
လီဗာပူးအသင်းက နှစ်သက်စရာကောင်းတဲ့အသင်းဖြစ်ပြီး အန်ဖီးလ်မှာ ကစားသမားတိုင်း ကစားချင်ကြကြောင်း၊ ကိုင်ဆယ်ဒိုနဲ့ အေးဂျင့်ဘက်ကတော့ လန်ဒန်မှာနေပြီး ချဲလ်ဆီးမှာ ကစားဖို့ကသာ ဦးစားပေးဖြစ်ခဲ့ကြောင်း ဘရိုက်တန်စီအီးအို ပေါလ်ဘာဘာက ပြောပါတယ်။
ဘရိုက်တန်ဟာ ချဲလ်ဆီးနဲ့ ပြန်လည်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ရပြီး ခက်ခဲတဲ့အခြေအနေ ဖြစ်ခဲ့ပေမဲ့ အားလုံးအတွက် အကျိုးရှိတဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ကြောင်း ပေါလ်ဘာဘာက ပြောပါတယ်။
ကိုင်ဆယ်ဒိုဟာ အဆုံးသတ်မှာတော့ ချဲလ်ဆီးအသင်းကို ဗြိတိသျှ စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၁၅ သန်းနဲ့ ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။










