ဘရိုက်တန်အသင်း အဆင့်သစ် တက်လှမ်းရန် လိုနေဟု ကွင်းလယ်လူ ပါစကယ်ဂရော့စ် ပြော
DVB
·
November 29, 2026

ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်လူ ပါစကယ်ဂရော့စ်ဟာ အသင်းအနေနဲ့ အဆင့်မြင့်မားတဲ့ ခြေလှမ်းသစ်ကို တက်လှမ်းရမဲ့အချိန် ရောက်နေကြောင်း ပြောပါတယ်။
ဂရော့စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဘရိုက်တန်အသင်းဆီ ပြန်မလာခင်မှာ နည်းပြ ဖေဘီယန်ဟူဇာလာနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန်ဟာ တခြားအသင်းကြီးတွေဆီ ကူးပြောင်းဖို့ လှေကားထစ် မဟုတ်တော့သလို ပြတ်သားတဲ့ အသင်းကြီး ဖြစ်လာဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘရိုက်တန်အနေနဲ့ ပွဲတိုင်းကို အနိုင်ရရှိနိုင်ကြောင်း ဂရော့စ်က အခိုင်အမာ ပြောဆိုသွားတာ ဖြစ်ပါတယ်။











