
အောက်တိုဘာ ၂၈ ရက်က ယှဉ်ပြိုင်သွားတဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဘရိုက်တန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ပွဲကစားချိန်အတွင်း နှစ်ဖက်အပြန်အလှန် သွင်းဂိုးတွေနဲ့ ၂ ဂိုးစီ သရေကျနေခဲ့တာပါ။
မန်စီးတီးအတွက် သွင်းဂိုးတွေကို ကိုဗာချစ်နဲ့ ဗစ်တာရေးစ်တို့က သွင်းယူပေးခဲ့ပြီး ဘရိုက်တန်အတွက် ယယ်လ်ကူယေနဲ့ ရူတာတို့က သွင်းယူခဲ့ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာတော့ မန်စီးတီး အရန်ဂိုးသမား ရူလီက ဘရိုက်တန် ကစားသမားတွေ ဖြစ်တဲ့ အယာရီနဲ့ ဒန့်ခ်တို့ရဲ့ ကန်သွင်းချက် ၂ ကြိမ်ကို ကာကွယ်နိုင်ခဲ့တာကြောင့် ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်တယ်လို့ အားကစားသတင်းတွေမှာ ဖော်ပြပါတယ်။
မန်စီးတီးအသင်းဟာ ကွာတားဖိုင်နယ်မှာ လိဂ်ဝမ်းကလပ် ဘရက်ဖို့ဒ်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာပါ။











