DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ သာစည်ရွာကို စစ်တပ်က အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်
DVB
·
August 15, 2023
ကလေးမြို့ သာစည်ရွာကို စစ်တပ်က အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက သာစည်ရွာကို ဩဂုတ် ၁၅ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၃၀ ထက်မနည်း တိုက်ခိုက်နေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ဒီနေ့မနက်အစောပိုင်းကစတင်ပြီး စစ်ကောင်စီတပ်က ကလေးမြို့တွင်း စစ်ဌာနချုပ်တွေကနေ ကလေးနယ်တောင်ပိုင်းကို စစ်ကြောင်းထွက်လာရာ မြို့အနီးက သာစည်ရွာမှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ရာကနေ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ အသုံးပြုလာတာလို့ ဆိုပါတယ်။

ကလေးမြို့ခံတဦးက “မနက် ၆ နာရီထိုးလောက်ကနေစပြီး တိုက်ပွဲဖြစ်တာဗျ။ စစ်တပ်ဘက်က မြို့တွင်းကနေ လက်နက်ကြီးတွေလည်း ပစ်ကူတာရှိတယ်။ လေကြောင်းပစ်ကူကတော့ မြို့တွင်းကနေကို မီးလုံးကြီးတွေ အထင်းသားမြင်နေရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက သာစည်ရွာကို မနက် ၉ နာရီ မိနစ် ၂၀ ကနေ ၁၀ နာရီ ၂၆ မိနစ်အထိ တနာရီကြာ လေကြောင်းပစ်ခတ်မှု ပြုလုပ်သွားခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

လေကြောင်းတိုက်ခိုက်မှု အပြီးမှာလည်း ကလေးမြို့တွင်း စစ်ဌာနချုပ်တွေကနေ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပါတယ်။

အဆိုပါတိုက်ပွဲကြောင့် သာစည်ရွာအပါအဝင် ဇင်းကလင်းရွာ၊ ချင်းဆိုင်ရွာနဲ့ ရေလဲဦးရွာက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သာစည်ရွာ ဒေသခံအမျိုးသမီးတဦး ကျည်ထိမှန်ပြီး စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ ‌ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013