DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ခံ နိုင်ဂျာသမ္မတကို စွဲချက်တင်မှု ကုလစိုးရိမ်
DVB
·
August 15, 2023
ရွေးကောက်ခံ နိုင်ဂျာသမ္မတကို စွဲချက်တင်မှု ကုလစိုးရိမ်
Donate to DVB

အာဏာသိမ်း နိုင်ဂျာစစ်အစိုးရဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံသမ္မတ မိုဟာမဒ် ဘာဇိုမ်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ဖို့ ကြိုးပမ်းမှုဟာ အလွန်စိုးရိမ်စရာ ကောင်းကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။

သမ္မတနဲ့ သူ့မိသားစုရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကြဆဲဖြစ်ပြီး သူ့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ သူ့ကို နိုင်ငံတော် အကြီးအကဲအဖြစ် ပြန်လည်ခန့်အပ်ဖို့ ထပ်မံတောင်းဆိုလိုက်ကြောင်းလည်း ဒူဂျာရစ်က သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ဂျာနိုင်ငံရဲ့ ဖြုတ်ချခံသမ္မတ မိုဟာမဒ် ဘာဇိုမ်ကို တရားစွဲဆိုနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် မယုံနိုင်လောက်အောင် တုန်လှုပ်သွားခဲ့ရကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်တွေဟာ ဘာဇိုမ်ကို ထောင်ချပြီး ရွေးကောက်ခံအစိုးရကို ဖျက်သိမ်းလိုက်တာကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အနောက်အာဖရိက ဒေသဆိုင်ရာ အစုအဖွဲ့ ECOWAS တို့က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ နိုင်ဂျာ အာဏာသိမ်းခေါင်းဆောင်တွေရဲ့ ရန်စတဲ့ပုံစံဖြစ်ပြီး လက်ရှိ အကျပ်အတည်းအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းကို ရှာဖွေလိုတဲ့ သူတို့ရဲ့ တင်ပြချက်ကို ဆန့်ကျင်နေတာဖြစ်ကြောင်း အနောက်အာဖရိကရဲ့ အဓိက ဒေသဆိုင်ရာ အစုအဖွဲ့ ECOWAS က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013