DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မတူပီ-ဟားခါးလမ်း ပျက်စီး
DVB
·
August 15, 2023
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မတူပီ-ဟားခါးလမ်း ပျက်စီး
1 / 4
Donate to DVB

ချင်းပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မတူပီ-ဟားခါး လမ်းမကြီးနဲ့ လုံလှော်-ဇကမ်း ကားလမ်းမတို့မှာ မြေပြိုမှုကြောင့် လမ်းတွေပျက်စီးခဲ့ရတယ်လို့ CDF မတူပီထံက သိရပါတယ်။

ဩဂုတ်လ အစောပိုင်းကတည်းက မိုးဆက်တိုက်ရွာသွန်းနေတာဖြစ်ပြီး အခုလို မြေပြိုမှုနဲ့ ရေကြီးမှုတွေကြောင့် ခရီးသွားပြည်သူတွေ အခက်ကြုံနေရပါတယ်။

အခုပျက်စီးသွားတဲ့လမ်းတွေဟာ အဓိကအသုံးပြုနေရတဲ့ လမ်းပိုင်းတွေဖြစ်ပြီး မော်တော်ကားနဲ့ ဆိုင်ကယ်တွေပါ ဖြတ်သန်းလို့မရတော့တဲ့ အခြေအနေအထိ ရှိနေပါတယ်။

လမ်းပျက်စီးမှု အရမ်းများတဲ့အတွက် ကုန်သွယ်ရေးအခက်အခဲတွေ ရှိနေပြီး ပြန်လည်ပြုပြင်ဖို့အတွက်လည်း ငွေကြေးမလုံလောက်မှုတွေ ရှိနေပါတယ်။

CDF မတူပီ ပြန်ကြားရေးတာဝန်ခံက “လမ်းက ပျက်စီးမှုအတော်များတယ်။ သွားလို့ကိုမရတဲ့ အနေအထား ဖြစ်နေပြီ။ ပြန်ပြင်ဖို့ကျတော့ ကျနော်တို့မှာ ငွေကြေးအခက်အခဲရှိတယ်။ ရွာခံတွေနဲ့ တော်လှန်ရေးသမားတွေ အသုံးပြုဖို့အတွက် ဆိုင်ကယ်လမ်းလောက်ပဲ ပြုပြင်ပေးဖို့ အဆင်ပြေမယ်။ ကားတွေပြန်သွားလာနိုင်အောင် လုပ်ဖို့အထိတော့ ကျနော်တို့ မတတ်နိုင်ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်ကနေစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ချင်းပြည်နယ်ရဲ့ မြို့အတော်များများမှာ မြေပြိုမှုနဲ့ လမ်းပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013