DVB Logo
Home
မြန်မာသတင်း
မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကုန်တင်ကားကြီး အစီး ၁၀၀ ကျော်ပိတ်မိနေ 
DVB
·
August 14, 2023
မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကုန်တင်ကားကြီး အစီး ၁၀၀ ကျော်ပိတ်မိနေ 
1 / 4
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်မြို့ အာရှလမ်းမကြီးမှာ မိုးသည်းထန်ပြီး မြေပြိုကျလို့ ကားလမ်း ပဲ့ကျပျက်စီးသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားပြီး ခရီးသည်ကားနဲ့ ကုန်တင်ကားကြီးတွေ အစီးရေ ၁၀၀ ကျော် လောက် ပြီးခဲ့တဲ့ သီတင်းပတ်ကနေ ဒီနေ့အထိ ပိမိနေတယ်လို့  ခရီးသည်တယောက်က ပြောပါတယ်။

ကော့ကရိတ်- မြဝတီမြို့  မိုင်တိုင်အမှတ် ၁၄၉ အနီးမှာ တာလမ်းမကြီးကို ရေတိုးလို့ ပေ ၂၀၀ အထိ ပျက်စီးသွားပြီး အနက် ပေ ၄၀ လောက် ပြိုကျသွားပါတယ်။ မိုင်တိုင် ၁၅၁ မှာလည်း လမ်းမကြီးအလယ်ပိုင်းအထိ တောင်ပြိုလို့ လမ်းပိတ်ထားပါတယ်။ ဒါကြောင့် လမ်းမကြီး  အလယ်ပိုင်း အဆင်းအတက် ခရီးသည်ကားကြီး ကားငယ်တွေနဲ့ ကုန်တင်ကားတွ ပိတ်မိနေတယ်လို့  ခရီးသည်တယောက်က ပြောပါတယ်။

လက်ရှိမှာ အာရှလမ်းမကြီး လမ်းပြိုတဲ့နေရာကို မော်လမြိုင်အခြေစိုက် အင်ဂျင်နီယာ စစ်တပ်ဘက် ဘက်ဟိုး မြေတူးစက်  ၃ စီးအအပါအဝင် တခြားမော်တော်ယာဉ်တွေနဲ့ လာရောက်ပြုပြင်နေကြပါတယ်။

ဆောက်လုပ်ရေးတာဝန်ယူတဲ့ စစ်တပ်က  ကျည်ကာအင်္ကျီနဲ့အတူ လမ်းပြုပြင်နေချိန် သြဂုတ် ၁၃ ရက်က လမ်းပြုပြင်ဆောက်လုပ်တဲ့နေရာမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီ ဆောက်လုပ်ရေးအဖွဲ့နဲ့ပါ တိုက်ပွဲဖြစ်ပွါးသွားပါသေးတယ်။ တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါ။

လက်ရှိမှာတော့  အာရှလမ်းမကြီးကို အသုံးပြုလို့မရဘဲ ပြင်ဆင်ဖို့ကြိုးစားနေချိန် ကော့ကရိတ်-မြဝတီလမ်းအဟောင်းကို ပြန်လည်အသုံးပြုနေကြပါတယ်။

လမ်းပျက်နေတာကြောင့် မြဝတီမြို့မှာ ကုန်တင်ယာဉ်ကြီးတွေ သောင်တင်သလို ကော့ကရိတ်မြို့ဘက်မှာလည်း မြန်မာပြည်ထွက် စိုက်ပျိုးသီးနှံတွေဖြစ်တဲ့  ကြက်သွန်နီ၊ ကြက်သွန် ဖြူနဲ့ ပြောင်းဆန်တွေအပါအဝင်  ကုန်ပစ္စည်းတွေ သောင်တင်နေပါတယ်။

မြဝတီ- ကော့ကရိတ်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းအဟောင်းကို စုံရက်မှာသွားခွင့်ပြုလိုက်ပြီး  မြဝတီမှ ကော့ကရိတ်၊ မ ရက်မှာတော့ ကော့ကရိတ်မှမြဝတီမြို့သို့ အသွားတရက် အဆင်းတရက် စနစ်နဲ့  သြဂုတ် ၁၄ ရက်က စတင် သွားလာနေကြပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် လက်ခတ်တောင်စခန်းကို စစ်ကောင်စီဘက်က KNLA ပူပေါင်းတပ်တွေဆီကနေ စခန်းပြန်ရရှိရေးအတွက် ယနေ့အချိန်ထိ တိုက်ပွဲ ပြင်းထန် ဆင်နွှဲနေတယ်လို့  မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013