DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်ထွက် ဂေါ်ဖီထုပ်များ ဈေးကောင်းမရသဖြင့် တောင်သူများ အရှုံးပေါ်
DVB
·
August 14, 2023
ရှမ်းတောင်ထွက် ဂေါ်ဖီထုပ်များ ဈေးကောင်းမရသဖြင့် တောင်သူများ အရှုံးပေါ်
1 / 3
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ အောင်ပန်း၊ ကလော၊ ရွာငံ၊ ပင်းတယမြို့နယ်ဘက်ထွက် ဂေါ်ဖီထုပ်တွေဟာ ဈေးအဆမတန်ကျတဲ့အတွက် စိုက်ပျိုးတောင်သူတွေ အရှုံးပေါ်နေကြောင်း သိရပါတယ်။

အခုနှစ် ဂေါ်ဖီထုပ်စိုက်ပျိုးရာမှာ သွင်းအားစုအရင်းအနှီး များစွာထုတ်သုံးရပြီး အခုလို ဂေါ်ဖီထုပ်ထွက်လို့ ရောင်းချချိန်မှာ ဈေးမရတာနဲ့ ကြုံတွေ့နေရတာကြောင့် အရှုံးနဲ့သာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အရင်နှစ် ၂၀၂၂ ခုနှစ်က ဂေါ်ဖီတထုပ်ကို ၁,၃၀၀ မှ ၁,၅၀၀ အထက် ရရှိခဲ့ပေမဲ့ အခုနှစ်မှာ တထုပ်ကို ၂၀၀ မှ ၃၀၀ သာ ရရှိတာကြောင့် ဈေးတက်မှာကို စောင့်နေရင်း အောက်ခြေ အရွက်တွေ ပုတ်ကုန်ပြီး အများစုဟာ အရှုံးနဲ့သာ ရောင်းနေရတယ်လို့ ကလောမြို့နယ်က ဂေါ်ဖီထုပ်စိုက် တောင်သူတဦးက ပြောပါတယ်။

နောင်တရားမြို့နယ် ဂေါ်ဖီထုပ်စိုက် တောင်သူတဦးကလည်း “မြေဩဇာတွေ ဈေးတက်တာပဲရှိတယ်။ ကုန်စိမ်းစိုက်ပျိုးတဲ့ တောင်သူဆို ဈေးအရမ်းအနှိမ်ခံရတယ်။ ပွဲရုံအထိ သွားရောင်းရင်လည်း ပွဲစားကနှိမ်၊ လမ်းစရိတ်ကကြီး၊ ခြံထိလာဝယ်တဲ့ ပွဲစားဆိုလည်း ဈေးနည်းနည်းပဲပေးတယ်။ ကိုယ်တိုင်စားလို့လည်း မကုန်နိုင်၊ သိုလောင်ထားလို့လည်း မရတော့ အရှုံးနဲ့သာ ရောင်းရသူများတယ်” လို့ ပြောပါတယ်။

အခုအခါ ဒေသတွင်း အခြေအနေ မတည်ငြိမ်တာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ ပွဲစားအဆင့်ဆင့် ဈေးနှိမ်တာနဲ့ ပြည်ပကို မတင်ပို့နိုင်တာတွေကြောင့် ဂေါ်ဖီထုပ်ဈေးနှုန်း အဆမတန် ကျဆင်းရခြင်းဖြစ်ကြောင်း တောင်သူအများစုက သုံးသပ်ပြောဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း ဝယ်သုံးရတဲ့ ကုန်ပစ္စည်းတွေ၊ စိုက်ပျိုးရေးဆေး၊ မြေသြဇာတွေဟာ ဈေးနှုန်းမြင့်မားနေပြီး စိုက်ပျိုးရေးထွက်ကုန်တွေ ကုန်စိမ်းတွေ ရောင်းရချိန်မှာ ဈေးကောင်းမရတဲ့ အခြေအနေနဲ့ လေးနှစ်ဆက်တိုက် ကြုံတွေ့နေရတာကြောင့် တောင်သူတွေ အခက်အခဲ ပိုကြုံရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013