DVB Logo
Home
နိုင်ငံတကာ
အီရန်တွင် ရှီးယိုက်မွတ်စလင်ဗလီ တိုက်ခိုက်ခံရပြီး ၁ ဦးထက်မနည်းသေ၊ ၇ ဦးဒဏ်ရာရ
DVB
·
August 14, 2023
အီရန်တွင် ရှီးယိုက်မွတ်စလင်ဗလီ တိုက်ခိုက်ခံရပြီး ၁ ဦးထက်မနည်းသေ၊ ၇ ဦးဒဏ်ရာရ
Donate to DVB

အီရန်နိုင်ငံတောင်ပိုင်း ရှီရက်ဇ်မြို့က ရှီးယိုက်မွတ်စလင် ဗလီတခု ဩဂုတ် ၁၃ ရက်က တိုက်ခိုက်ခံရပြီး လူတဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတဦးက နိုင်ငံပိုင်ရုပ်သံကို ပြောပါတယ်။

၁၂ ရာစုတည်းက တည်ဆောက်ခဲ့တဲ့ ဒီဗလီကို တိုက်ခိုက်မှုအတွင်း အလုပ်သမားနှစ်ဦးနဲ့ ဘုရားဖူးနှစ်ဦး အပါအဝင် လူခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ဒေသတွင်း ဈေးဆိုင်တွေကို ပိတ်ထားခဲ့ရတာပါ။

ဘုရားကျောင်းဧရိယာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားတယ်လို့ အစိုးရရုပ်သံက ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာ ဆွေမျိုးတွေကိုရှာဖို့ ပြေးလွှားနေတဲ့ ဝတ်ပြုသူတွေနဲ့ မြေပြင်ပေါ်က သွေးစွန်းနေတဲ့ အဝတ်တွေကို ဗီဒီယိုတွေမှာ ပြသခဲ့ပါတယ်။

ရှား ချယ်ရာ ဗလီကို တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ သူတို့လက်ချက်အဖြစ် အခိုင်အမာ ကြေညာ တာဝန်ယူတာ မရှိဘူးလို့ နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA က ပြောပါတယ်။ အကြမ်းဖက်သမားတွေက ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ IRNA က ဆိုပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013