
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မလေးရှားနိုင်ငံဆီ သောကြာနေ့က သွားရောက်ခဲ့ပြီး မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအဗ်ဒူ ကာဒီတို့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့၊ စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးတို့မှာ တိုးတက်ခိုင်မာစေရေး ဆွေးနွေးခဲ့ပါတယ်။
အခုနှစ် မတ်လအတွင်းက တရုတ်နိုင်ငံဆီ အောင်မြင်တဲ့ ခရီးစဉ်ကို ပြန်လည်အမှတ်ရရင်း တရုတ်နိုင်ငံဟာ မလေးရှားနိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်းဖြစ်တယ်လို့ ဝမ်နဲ့ တွေ့ချိန်မှာ အန်ဝါက ပြောခဲ့ပါတယ်။
တရုတ် မလေးရှား နှစ်နိုင်ငံဟာ ခိုင်မာတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ အထူးဖော်ရွေတဲ့ ဆက်ဆံရေး ရှိတယ်လို့ ပြောပါတယ်။
မလေးရှားမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့ တရုတ်ကုမ္ပဏီတွေကို ကြိုဆိုနေပြီး အပြန်အလှန် အကျိုးအမြတ်နဲ့ ရလဒ်တွေရဖို့ မလေးရှားနိုင်ငံဟာ နယ်ပယ်အသီးသီးမှာ တရုတ်နိုင်ငံနဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ အန်နဝါက ပြောပါတယ်။
တရုတ်နိုင်ငံဟာ ဆယ်စုနှစ်တခုကျော်ကြာ မလေးရှားနိုင်ငံရဲ့ နံပါတ် ၁ ကုန်သွယ်ဘက် ဖြစ်ခဲ့ပြီး အကြီးစားစက်မှုလုပ်ငန်း၊ အိုင်စီတီ၊ အခြေခံအဆောက်အအုံ၊ အိမ်ခြံမြေ၊ ရထားတည်ဆောက်မှုနဲ့ မော်တော်ကားထုတ်လုပ်ရေးတို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ အဓိကရင်းမြစ် ဖြစ်ပါတယ်။
Source - Reuters










