DVB Logo
Home
မြန်မာသတင်း
စစ်တွေဟိုတယ်ကမ်းခြေက စားသောက်ဆိုင်ခန်းအချို့ကို ဖယ်ရှားမည်
DVB
·
August 13, 2023
စစ်တွေဟိုတယ်ကမ်းခြေက စားသောက်ဆိုင်ခန်းအချို့ကို ဖယ်ရှားမည်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် စစ်တွေဟိုတယ်ကမ်းခြေမှာ တည်ဆောက်ထားတဲ့ စားသောက်ဆိုင်ခန်းတချို့ကို ဖယ်ရှားပေးရမယ်ဆိုပြီး စစ်တွေမြို့နယ် စည်ပင်သာယာရေးဌာနက အကြောင်းကြားထားတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

စုစုပေါင်း စားသောက်ဆိုင် ၁၆ ဆိုင်ကို ဖယ်ရှားပေးဖို့ အကြောင်းကြားလာတာဖြစ်ပြီး သြဂုတ် ၁၂ ရက်က အစည်းဝေးခေါ်ယူခဲ့ပြီးတော့ သြဂုတ် ၂၆ ရက်မှာ နောက်ဆုံးထား ဖယ်ရှားရမယ်လို့ ဆိုင်ခန်းပိုင်ရှင်တယောက်က ပြောပါတယ်။

"စုစုပေါင်း ဆိုင် ၁၆ ဆိုင်အကြောင်းကြားစာရပါတယ်။ မနေ့က အစည်းဝေးခေါ်တယ်။ လာမယ့် ၂၆ ရက်မှာ နောက်ဆုံးထားဖယ်ရမယ်။ မဟုတ်ရင် ဘော်ဒိုစာနဲ့ ဖယ်ရှားခံရမယ်ဆိုပြီးပြောပါတယ်။ ကျနော်တို့က တခြားနေရာချပေးမလား မေးပါတယ်။ မပေးဘူးလို့ပြောတယ်။ ဒီလိုဆို ဆိုင်ခန်းအပေါ်မှီခိုနေတဲ့ ကျနော်တို့ မိသားစုတွေ ဒုက္ခရောက်ရပါတော့မယ်" လို့ ပြောပါတယ်။

ဖယ်ရှားရမယ့် ဆိုင်ခန်းနေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပြည်နယ်အစိုးရကနေ ပျံကျစျေးသည်တွေကို အတည်တကျရောင်းချဖို့ နေရာချထားပေးခဲ့တဲ့ တရားဝင် နေရာတခုဖြစ်လို့ လက်ရှိမှာ ကျူးကျော်အဖြစ်သတ်မှတ်ပြီး ဖယ်ရှား ခိုင်းတာမျိုးဟာ သဘာဝမကျဘူးလို့ ဆိုင်ခန်းပိုင်ရှင်တွေကဆိုပါတယ်။

ခုလို စစ်တွေဟိုတယ် ကမ်းခြေနားက စားသောက်ဆိုင်ခန်းတွေဖယ်ရှားခံရမယ့် အခြေနေတွေနဲ့ပတ်သက်လို့ ပြည်နယ်စည်ပင်ကိုဆက်သွယ်မေးမြန်းခဲ့ရာမှာ ကျူးကျော် ဆိုင်ခန်းတွေကို ဖယ်ရှားဖို့ပြောတာဟုတ်မှန်ပြီး လမ်းဧရိယာနဲ့ မလွတ်တာကြောင့် ဖြစ်သလို မြို့အင်္ဂါရပ်နဲ့မညီ ကျူးကျော်ဆောက်လုပ်ထားတာ တွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တွေမှာ ကျူးကျော်နေအိမ်နဲ့ လမ်းဘေးစျေးဆိုင်တွေဟာ မကြာခဏ ဖယ်ရှားခံရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းကလည်း မြို့အင်္ဂါရပ်နဲ့မညီဆိုပြီး မြို့အဝင်လမ်းဘက်က လမ်းဘေးစျေးဆိုင် ၂၀ လောက် ဖယ်ရှားခံခဲ့ရသလို ၂၀၂၂ ခုနှစ် ဇန်နဝါရီလကလည်း မေယုလမ်းက စျေးဆိုင်တချို့ဖယ်ရှားခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013