
ယူကရိန်းနိုင်ငံရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဟာ မြွေကျွန်းပေါ်မှာ ဆိုင်းဘုတ်အသစ်ကို သီတင်းပတ်ကုန် ပိုင်းတုန်းက တပ်ဆင်လိုက်ပြီး သူတို့ ပိုင်ဆိုင်မှုဖြစ်ကြောင်း ရုရှားအပေါ် သတိပေးခဲ့ပါတယ်။
ဒါကြောင့် မဟာဗျူဟာမြောက် ပင်လယ်နက်အငူပေါ်က ယူကရိန်းရဲဘော်တစ်ဦးဟာ ရုရှား စစ်သင်္ဘာ တစီးကို လက်နက်ချဖို့ ငြင်းဆန်ခဲ့တဲ့ ကျူးကျော်မှုဆိုင်ရာ အစောပိုင်းကာလ အပေါ် အမှတ်ရစေတယ်လို့ ဆိုပါတယ်။
ယူကရိန်းနယ်ခြားစောင့်တပ်ရဲ့ အကြီးအကဲဖြစ်သူ ဆာဟီ ဒိန်းကိုက " မိမိတို့ပိုင်ဆိုင်တဲ့ ခရိုင်းမီးယား ကျွန်းဆွယ် လွတ်မြောက်အောင် ကာကွယ်ရေးတပ်ဖွဲ့တွေ စွမ်းဆောင်ပြီးချိန်မှာ နောက်ထပ် ဆိုင်းဘတ် တခု တပ်ဆင်သွားမှာ ဖြစ်တယ် "လို့ ဖေ့စ်ဘွတ်ခ်ပေါ်က ဗီဒီယိုတစ်ခုမှာ မှတ်ချက်ပေး ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အလံအရောင်အတိုင်း ဆေးခြယ်ထားတဲ့ အပြာရောင်နဲ့ အဝါရောင်ပါ တိုင်တစ်ခုကို နယ်ခြားစောင့်တပ်ဖွဲ့က မြွေကျွန်းပေါ်မှာ တပ်ဆင်ခဲ့တာပါ။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် အစောပိုင်းအချိန်တွေမှာ ရုရှားရဲ့ ကျူးကျော်မှု စတင်ခဲ့တာကြောင့် ဒီလိုသေးငယ်လှတဲ့ မြွေကျွန်းက ယူကရိန်းခုခံတိုက်ခိုက်မှုရဲ့ ပြယုဂ်ဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ပင်လက်နယ်ရေယာဉ်စုရဲ့ အဓိကသင်္ဘောဖြစ်တဲ့ မော့စ်ခ်ဗာပေါ်မှာ ရုရှားအရာရှိ တွေဟာ မြွေကျွန်းပေါ် တပ်စွဲထားတဲ့ ယူကရိန်းအစောင့်တပ်ဖွဲ့ဝင်တွေကို လက်နက်ချမလား ဒါမှ မဟုတ် အသေခံမလား ဆိုပြီး ရေဒီယိုကတဆင့် အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပင်လက်နက်ထဲက ယူကရိန်းနိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ အိုဒက်စ်ဆာ သွားရာ ရေကြောင်းလမ်းကို မဟာဗျူဟာကျတဲ့ မြွေကျွန်းပေါ်ကနေ လှမ်းမြင်နိုင်တယ်လို့ သိရ ပါတယ်။
Source-Reuters










