
အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ မဏိပူရမှာ သြဂုတ် ၁၀ ရက်က စာသင် ကျောင်းတွေ ပြန်ဖွင့်ရင်း ပုံမှန်အခြေအနေအတိုင်း တဖြည်းဖြည်းချင်း ပြန်သွားနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
မေတီလူမျိုးစုနဲ့ ကူကီလူမျိုးစုကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒီပြည်နယ်မှာ ကျောင်း ပြန်ဖွင့် နေပြီ ဖြစ်တာကြောင့် ဆရာတွေနဲ့ ကျောင်းသားတွေက ဝမ်းမြောက်ကြောင်း ပြသခဲ့ကြသလို ဒေသတွင်းမှာလည်း ငြိမ်းချမ်းနေဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ဈေးတွေနဲ့အတူ လမ်းတွေပေါ်မှာပါ ပျားပန်းခတ် သွားလာမှုတွေ ရှိနေပြီ ဖြစ် တယ်လို့ ဆိုပါတယ်။
ကျောင်းသူတစ်ဦးဖြစ်တဲ့ ကွန်ဆမ် ဒီပတီ ဆင်းဟာ (Konsam Deepti Singha) ကတော့ "အချိန် အတော်ကြာပြီးနောက် တကယ်ကို စိတ်လှုပ်ရှားရပါတယ်၊ ကျောင်းကို ရောက်တဲ့အခါ လူသစ်တွေနဲ့ အတူ ဂျူနီယာတွေ အများကြီးကိုပါ တွေ့ခွင့်ရပါတယ်၊ အခုချိန်မှာ အကောင်းဆုံး ဖြစ်လာဖို့ကိုပဲ မျှော်လင့်မိပါတယ်" လို့ မှတ်ချက်ပေးပါတယ်။
မဏိပူရပြည်နယ်ထဲက အစိုးရဝန်ထမ်း အလုပ်အကိုင်နဲ့ ပညာရေးကဏ္ဍမှာ လူအများစုဖြစ်တဲ့ မေတီ အသိုင်းအဝိုင်းအတွက် စီပွားရေးဆိုင်ရာ အထူးခံစားခွင့်နဲ့ ခွဲတမ်းတွေ တိုးမြှင့်ပေးဖို့နဲ့ ပက်သက်ပြီး အထက်တရားရုံးတစ်ခုက ပြည်နယ်အစိုးရကို အမိန့်ချမှတ်ခဲ့တာကြောင့် လူမျိုးစုပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ကူကီလူမျိုးစုအတွက်ပါ သီးသန့်ခွဲတမ်း ချပေးထားပြီ ဖြစ်ပါတယ်။
Source-Reuters










