DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ်တိုက်ပွဲတွင် စစ်သား ၃၀ သေဆုံး၊ လက်နက်များ သိမ်းဆည်းမိ
DVB
·
August 12, 2023
ကျောက်တံခါးမြို့နယ်တိုက်ပွဲတွင် စစ်သား ၃၀ သေဆုံး၊ လက်နက်များ သိမ်းဆည်းမိ
Donate to DVB

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာနားမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့  ဩဂုတ် ၉ ရက်က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက် အယောက် ၃၀ ကျော်သေဆုံးပြီး လက်နက်အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အထူးကွန်မန်ဒို တပ်ရင်း တောင်ပိုင်းဆီက သိရပါတယ်။

KNLA၊ ရိုးမစစ်ကြောင်း-၂၊ တပ်ခွဲ-၂ ပူးပေါင်းတပ်ဖွဲ့တို့နဲ့ မနက်အစောပိုင်း ၄ နာရီကနေ နေ့လယ် ၁ နာရီထိ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အထူးကွန်မန်ဒိုရဲဘော် တယောက်လည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၉ နာရီကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက် စက်လက် ၁ လက်၊ MA 1 ၈ လက်၊ MA 2 ၁ လက်၊ MA3 ၁ လက်၊ MA 4 ၁ လက်၊ မိုင်းရှာစက် ၁ လုံး၊ ဒရုန်းပစ်တလက်၊ ကျည်အိမ် ၁၂ ခု၊ ၆၀ မမ ဗုံးသီးတချို့နဲ့ ကျည်ဆန်အများအပြား ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ပိန်းဇလုပ်အခြေစိုက် ခမရ-၂၆၄ အပြင် ကျောက်တံခါးမြို့နဲ့ သူဌေးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး လေကြောင်းနဲ့ ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ကလည်း တိုက်ပွဲဖြစ်ပွားနေချိန် ကျောက်တံခါးမြို့နယ် အတွင်းမှာရှိတဲ့ ဗောဓိကွင်း၊ နံဇ၊ သူဌေးကုန်း၊ တောင်ခင်၊ ရေတွင်းကုန်း စတဲ့ ကျေးရွာအုပ်စုက ပြည်သူတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း မသွားလာကြဖို့၊ သမင်အင်းကုန်း-ကျောက်တံခါး၊ သမင်အင်းကုန်း-သူဌေးကုန်း ကားလမ်းမတွေပေါ် မသွားလာကြဖို့ အရေးပေါ် ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013