
တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။
စကိုင်းဘက်မှာဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ရေပန်းစားမှု မြင့်တက်လာခဲ့တာပါ။
လက်ရှိချန်ပီယံမန်စီးတီးပြီးရင် ဘိုင်ယန်မြူးနစ်အသင်းက ဗိုလ်စွဲဖို့ ဒုတိယ ရေပန်းအစားဆုံး အသင်းဖြစ်လာခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့တတိယရေပန်းအစားဆုံးအသင်းဖြစ်ပြီး အာဆင်နယ်၊ ဘာစီလိုနာ၊ မန်ယူ၊ နာပိုလီ၊ နယူးကာဆယ်နဲ့ အက်သလက်တီကို အသင်းတို့က အစဉ်လိုက်ရပ်တည် ခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်ချုပ်ဆိုနေပြီး မကြာခင်မှာပဲ တရားဝင် သတင်းထုတ်ပြန်သွားဖို့ရှိနေပါတယ်။










