DVB Logo
Home
နိုင်ငံတကာ
ဘယ်လာရုစ်နယ်စပ်သို့ ပိုလန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ပြောင်းရွှေ့ထားမည်
DVB
·
August 11, 2023
ဘယ်လာရုစ်နယ်စပ်သို့ ပိုလန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ပြောင်းရွှေ့ထားမည်
Donate to DVB

ပိုလန်ဟာ နယ်ခြားစောင့်တပ်ကို ပံ့ပိုးဖို့အတွက် ဘယ်လာရုစ်နယ်စပ်ကို နောက်ထပ် တပ်ဖွဲ့ဝင် ၁၀,၀၀၀ အထိ ပြောင်းရွှေ့ထားဖို့ စီစဉ်နေကြောင်း ကာကွယ်ရေးဝန်ကြီး မာရီယူစ် ဘလာ့စ်ချာ့ခ်က သြဂုတ် ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပိုလန်-ဘယ်လာရုစ်နယ်စပ်မှာ ဘယ်အခြေအနေမျိုးမဆို အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပြီး ရန်သူကို ကြောက်ရွံ့စေဖို့ စစ်တပ်ကို ဘယ်လာရုစ်နယ်စပ်နဲ့ ပိုနီးကပ်အောင် ရွှေ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း  ဘလာ့စ်ချာ့ခ်က ပိုးလ်စကီး ရေဒီယိုအင်တာဗျူးတခုထဲမှာ ပြောပါတယ်။

စစ်သား ၄,၀၀၀ ကို နယ်ခြားစောင့်တပ်အတွက် တိုက်ရိုက်ပံ့ပိုးမှာဖြစ်ပြီး ၆,၀၀၀ ကတော့ အရန်တပ်မှာ ရှိနေမယ်လို့ ဆိုပါတယ်။

အဲဒီစစ်သားတွေဟာ နိုင်ငံရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ တပ်စခန်းတွေမှာ သူတို့ရဲ့စွမ်းရည်တွေ တိုးတက်လာဖို့ သူတို့အရည်အချင်းတွေကို မြှင့်တင်နေမှာဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့လက သမ္မတ အလက်ဆန်ဒါ လူကာရှန်ကိုရဲ့ ဖိတ်ကြားချက်အရ ရာနဲ့ချီတဲ့ တိုက်ပွဲဝင် ဝဂ္ဂနာ ကြေးစားစစ်သားတွေ ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီးကတည်းက ပိုလန်နိုင်ငံဟာ နယ်စပ်ဒေသနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေတာပါ။

အခုသီတင်းပတ်အတွင်း ဘယ်လာရုစ်နယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်နေပြီး သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုကတော့ သူဟာ ပိုလန်ကို တိုက်ခိုက်ချင်တဲ့ ဝဂ္ဂနာတိုက်ခိုက်ရေးသမားတွေကို တားမြစ်ထားရကြောင်း အကြိမ်ပေါင်းများစွာ ပြောထားပါတယ်။

ပိုလန်ဟာ ၁၉၂၀ ခုနှစ်က ဆိုဗီယက်ယူနီယံ တပ်နီတော်အပေါ် အောင်ပွဲရခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ သြဂုတ် ၁၅ ရက်မှာ နှစ်စဉ်ကျင်းပတဲ့ တပ်မတော်နေ့မှာ စစ်သည် ၂၂,၀၀၀ ကျော်နဲ့ တင့်ကားတွေ၊ တိုက်လေယာဉ်တွေနဲ့ တခြားစစ်မော်တော်ယာဉ်တွေ ရာနဲ့ချီပြီး ဝါဆောမြို့တဝန်း စစ်ရေးပြ ချီတက်မှာ ဖြစ်ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013