DVB Logo
Home
နိုင်ငံတကာ
လိင်တူအခွင့်အရေး ဂုဏ်ပြုသည့် နာရီများကို မလေးရှား ပိတ်ပင်
DVB
·
August 11, 2023
လိင်တူအခွင့်အရေး ဂုဏ်ပြုသည့် နာရီများကို မလေးရှား ပိတ်ပင်
Donate to DVB

လိင်တူချစ်သူတွေ၊ လိင်ပြောင်းထားသူ သို့မဟုတ် Queer အစိတ်အပိုင်းတွေပါရှိတဲ့ Swatch ထုတ်ကုန် အားလုံးကို ပိတ်ပင်ထားကြောင်း မလေးရှားအစိုးရက ပြောပါတယ်။

LGBTQ အခွင့်အရေးကို မြှင့်တင်သူ မည်သူကိုမဆို ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပြီး နာရီတွေ၊ ထုပ်ပိုးမှုတွေနဲ့ သေတ္တာတွေကို ပိတ်ပင်ထားပါတယ်။

မွတ်စလင်အများစုနေထိုင်တဲ့ မလေးရှားမှာ လိင်တူဆက်ဆံမှုဟာ တရားမဝင်ဘဲ ပြစ်ဒဏ်တွေက အစ္စလာမ့်ဥပဒေအောက်မှာ ကြိမ်ဒဏ်ကနေ ကိုလိုနီခေတ် အရပ်ဘက်ဥပဒေတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ အထိ ပါဝင်ပါတယ်။

မေလမှာ မလေးရှားအာဏာပိုင်တွေက Swatch စတိုးဆိုင်တွေကို ဝင်ရောက်စီးနင်းပြီး LGBTQ အခွင့်အရေးတွေကို ဂုဏ်ပြုတဲ့ နာရီပေါင်း ၁၇၂ လုံးကို သိမ်းဆည်းရမိပြီးနောက် ထုတ်ကုန်ပိတ်ပင်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

ဆွစ်ဇာလန်နာရီထုတ်လုပ်သူဟာ မလေးရှားအစိုးရကို တရားစွဲထားပြီး ပျက်စီးဆုံးရှုံးမှုတွေနဲ့ နာရီတွေကို ပြန်လည်ပေးအပ်ဖို့ ကြိုးပမ်းနေပါတယ်။

နာရီတွေဟာ ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာကို သယ်ဆောင်တာကြောင့် နာရီတွေကို အန္တရာယ်ဖြစ်စေတယ်‌ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ဩဂုတ် ၁၀ ရက်က မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တခုမှာ အဆိုပါ ထုတ်ကုန်တွေဟာ သာမန်အများပြည်သူလက်မခံတဲ့ LGBTQ လှုပ်ရှားမှုကို မြှင့်တင်တာ၊ ထောက်ခံတာနဲ့ ပုံမှန်လုပ်ဆောင်ခြင်းဖြင့် အကျင့်စာရိတ္တ၊ အများပြည်သူအကျိုးစီးပွားနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်တယ် သို့မဟုတ် ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေ လက်ဝယ်တွေ့ရှိသူ မည်သူမဆို ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ငွေ ရင်းဂစ် ၂၀,၀၀၀ (ပေါင် ၃,၄၂၈) အထိ ချမှတ်နိုင်ကြောင်း သတိပေးထားပါတယ်။

ဗြိတိန်တေးဂီတအဖွဲ့ The 1975 ရဲ့ ခေါင်းဆောင် မတ်တီဟီရာလီဟာ မလေးရှားနိုင်ငံရဲ့ လိင်တူချစ်သူများ ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဘေ့စ်သမားရိုစ်မက်ဒေါ်နယ်လ်ကို နမ်းပြီးနောက် ကွာလာလမ်ပူရှိ Good Vibes ပွဲတော်ကို ဇူလိုင်လမှာ အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။

နောက်ပိုင်းမှာ တီးဝိုင်းရဲ့ အာရှဖျော်ဖြေပွဲ နှစ်ရက်ဖြစ်တဲ့ အင်ဒိုနီးရှား၊ ဂျကာတာရှိ We The Fest နဲ့ ထိုင်ဝမ်ရှိ Taipei Music Center တို့မှာ ဖျက်သိမ်းခဲ့ပြီး မလေးရှားဟာ တီးဝိုင်းကို နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

Source - Sky News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013