DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားကို တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်၊ လူ ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
August 10, 2023
Donate to DVB

တိုင်ဖွန်းမုန်တိုင်း ခါနန်ဟာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်လို့ သြဂုတ် ၁၀ ရက် မနက်ပိုင်းက တောင်ကိုရီးယားတောင်ပိုင်း ဆိပ်ကမ်းမြို့ ဘူဆန်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံတဝန်းမှာ လေကြောင်းခရီးစဉ် ၃၃၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး လူ ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ခါနန်မုန်တိုင်းဟာ သမုဒ္ဒရာကိုဖြတ်ပြီး ဂျပန်မြို့တော် တိုကျိုမြို့ကနေ မိုင် ၅၃၀ အကွာ ဂျပန်အနောက်တောင်ပိုင်းက အဓိကကျွန်း ကျူးရှူးနဲ့ ကိုရီးယားကျွန်းဆွယ်ကြားကို ဖြတ်သန်းနေပါတယ်။

ခါနန်မုန်တိုင်းက စိုစွတ်တဲ့လေထုကြောင့် မိုးသည်းနေပြီး တောင်ကိုရီးယား တောင်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် မိုးရွာသွန်းဖို့ မျှော်လင့်ရပြီး တိုင်ဖွန်းမုန်တိုင်းဟာ မြောက်ဘက်ကို တနာရီ ၂၂ ကီလိုမီတာနှုန်းနဲ့ ရွေ့လျားနေတယ်လို့ ကိုရီးယား မိုးလေဝသဌာန (KMA) က ပြောပါတယ်။

မုန်တိုင်းခါနန်ရဲ့ ပြင်းထန်မှုဟာ “အားကောင်း” တဲ့ အဆင့်ကနေ အလယ်အလတ်အဆင့်ကို  လျော့ကျသွားလိမ့်မယ်လို့ KMA က ပြောခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013