DVB Logo
Home
မြန်မာသတင်း
ကမ္မရဲစခန်းနှင့် မန္တလေး ယာဥ်ထိန်းရဲလိုင်းခန်း တိုက်ခိုက်ခံရ 
DVB
·
August 10, 2023
ကမ္မရဲစခန်းနှင့် မန္တလေး ယာဥ်ထိန်းရဲလိုင်းခန်း တိုက်ခိုက်ခံရ 
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ သြဂုတ် ၉ ရက်နေ့ ညနေက ကမ္မမြို့ ရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ အနောက်လွင်ပြင် LPDF ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ကမ္မရဲစခန်း ဘဏ်ကာကို သြဂုတ် ၉ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ အနောက်လွင်ပြင်-LPDF ရဲ့တာဝန်ခံရဲဘော်တေဇက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် နေရာမှာတင် သေဆုံးသွားပြီး ဒဏ်ရာရသူအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူ ပကဖ၊ မြိုင် ပခဖ၊ ပခုက္ကူခရိုင်တပ်ရင်း တပ်ဖွဲ့တွေနဲ့ Local PDF အဖွဲ့ပေါင်း ၁၀ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ကြတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ၈၂ လမ်း၊ ၁၈ လမ်းနဲ့ ၁၉ လမ်းကြားမှာရှိတဲ့ ယာဥ်ထိန်းရဲလိုင်းခန်း သြဂုတ် ၉ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရ​ပါတယ်။

မန္တလေးမြို့ပေါ်မှာ ယာဥ်ထိန်းရဲတွေက ပြည်သူတွေအပေါ် အစစ်အဆေးကြမ်းနေပြီး ရိုက်နှက်ဆဲဆိုတာအပြင် သေနတ်ဒင်နဲ့ ထုတာနဲ့ သေနတ်နဲ့ပစ်တဲ့အထိ လုပ်ဆောင်နေတာကြောင့် ယာဥ်ထိန်းရဲလိုင်းခန်းကို လက်ပစ်ဗုံးနဲ့ သွားပစ်ခဲ့တာလို့ No More Dictatorship PDF အဖွဲ့က တာဝန်ရှိသူ နဂါးကြီးက ပြောပါတယ်။

“လိုင်းခန်းထဲမှာတော့ သူတို့ရဲ့ ဝန်ထမ်းတွေ ရှိပါတယ်။ ဗုံးကျတဲ့ နေရာမှာလည်း DC လိုကားမျိုး တစီး ရပ်ထားပါတယ်။ ဗုံးက လိုင်းခန်းအတွင်းထိ ကျရောက်ပေါက်ကွဲပါတယ်။ သူတို့ဘက်က ပြန်ပစ်တဲ့အသံကိုလည်း ရဲဘော်တွေ ကြားခဲ့ရတယ်။” 

မန္တလေးမြို့ ယာဥ်ထိန်းရဲလိုင်းခန်းကို ပြီးခဲ့တဲ့ဇွန် ၁၁ ရက်နေ့ ည ၈ နာရီလောက်ကလည်း ပထမအကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် လိုင်းခန်းကို သံဆန်ခါအမြင့်ကြီး ကာတာ၊ သဲအိတ်တွေ ထပ်ပြီး လုံခြုံရေးချတာတွေ လုပ်ဆောင်ထားပေမယ့် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ယာဥ်ထိန်းရဲလိုင်းခန်း တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုအခြေနေကို အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။

ယာဥ်ထိန်းရဲတွေအနေနဲ့ စစ်ကောင်စီတပ်အတွက် အပြင်မှာ ငွေကြေးရှာနေချိန် နောက်မှာလည်း မလုံခြုံတော့ဘူးဆိုတာကို ပြချင်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013